~ 1 ~

12.8K 657 68
                                    

Unicode
_________

ရွက်ဝါကြွေများ ပြန့်ကျဲနေသော လမ်းမထက်တွင် လူသွားလူလာက ခပ်ကျဲကျဲသာ ရှိသည်။MV Agusta ဆိုင်ကယ်၏ အရှိန်ကြောင့် ရွက်ကြွေများ လွင့်ကုန်သည်။လမ်းဘေးပတ်ဝန်းကျင် မြင်ကွင်းသည် ရိပ်ခနဲ ဖြတ်ပြေးသွားသည်။

"ဝူး......"

ဆိုင်ကယ်သံပြင်းပြင်းကြောင့် လူတွေ တွန့်ကနဲ လန့်​ကုန်၏။ထိုအခါမျိုးတွင် Helmet အောက်က နှုတ်ခမ်းတစ်စုံသည် ကျေနပ်သည့် မဲ့ပြုံးတစ်ခုကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးသည်။အရှိန်ကိုကား အနည်းငယ်မျှ လျှော့ဖို့ အစီအစဉ်မရှိ။ဆိုင်ကယ်လက်ကိုင်ပေါ်က လက်တစ်စုံသည် တင်းကျပ်သွားပြီးသည့်နောက် အနက်ရောင် ဆိုင်ကယ်သည် လမ်းမထက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

"သခင်လေး...ပြန်လာပြီလား"

အိမ်အကူအဒေါ်ကြီး၏ စကားကို သူက နားမထောင်။ရွှီကနဲ လေချွန်ကာ Helmetကို ချွတ်သည်။ဖွာလန်ကျဲသွားသော ဆံပင်များကို ဘယ်ညာယမ်းလိုက်ရင်း နဖူးပေါ်ကို သပ်တင်သည်။under cut hair styleကြောင့် နဖူးပေါ်နေသည့် မေးရိုးထင်းထင်း မျက်နှာကျသည် ရုပ်လုံးပေါ်လာသည်။ဆိုင်ကယ်သော့ကို လက်ညှိုးမှာ စွပ်ကစားရင်း အိမ်ထဲသို့ ဝင်သည်။

အပေါ်ထပ်တစ်နေရာက မီးလင်းနေသော အခန်းကြောင့် သူ့မျက်ခုံးတွေ အလိုလိုတွန့်ချိုးသွားသည်။
လက်ထဲက helmet ကို ဆိုဖာထိုင်ခုံပေါ် လွှင့်ပစ်သည်။

သူ့နောက်က တစ်ချိန်လုံး လိုက်နေရှာသော အဒေါ်ကြီးက စိုးရိမ်နေသည့် အမူအရာနဲ့ တစ်စုံတစ်ခုကိုပြောဖို့ ပြင်သည်။

"ဟို...ဟို....သခင်လေး....သခင်လေးရဲ့ အဖေ...ရောက်နေတယ်"

"ဘာ!!"

ရုတ်တရက် သူ့ခြေလှမ်းတွေ ရပ်တန့်သွားသည်။လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးနောက် မီးလင်းနေသော အပေါ်ထပ်က အခန်းဆီကို အပြေးအလွှားတက်သည်။Lockချမထားသော တံခါးကို ဒေါသတကြီးနှင့် ဆတ်ကနဲဆွဲဖွင့်သည်။

BEFORE I GO || JINKOOK ✓Where stories live. Discover now