~ 17.1 ~

3.2K 364 62
                                    

Unicode
________

“ ခေါင်းက ငြိမ်ငြိမ်နေ ”

မိုးရေစိုထားသဖြင့် အချောင်းလိုက်ကပ်နေသော ဆံပင်များကို ဆော့ဂျင်က တဘက်တစ်ထည်ဖြင့် သုတ်ပေးသည်။သိပ်မကြာသေးခင်က မိုးပြိုတော့မလို အုံ့မှိုင်းနေခဲ့သော ကောင်လေးသည် ယခုတော့လည်း ကြည်ကြည်သာသာဖြင့် စိတ်လိုလက်ရ ငြိမ်ခံနေသည်။

“ အဟင်း.. ”

ရယ်သံ မပီမသနှင့် ကောင်လေးက လက်ဝါးဖြင့် သူပါးစပ်သူ ပိတ်ကာ ကြိတ်ပြုံးနေသည်။ဆော့ဂျင်က အမြင်ကပ်ကပ်နှင့် ဆံပင်များကိုသာမက ခေါင်းကိုပါ မူးထွက်သွားအောင် တဘက်ဖြင့်အုပ်ကာ အားထည့်ပြီးသုတ်လိုက်သည်။

“ အ့..ဖြည်းဖြည်း အစ်ကိုရ ”

“ မင်းပြော..ဘာတွေကြိတ်ရယ်နေတာလဲ ”

“ ကြိတ်ရယ်တာ မဟုတ်ရပါဘူးဗျာ။ကိုယ့်အတွေးနဲ့ကိုယ် သဘောကျပြီး ပြုံးနေတာ ”

အနည်ငယ် စိုထိုင်းသွားသော တဘက်ကို ဆိုဖာခုံနောက်ကျောမှာ လွှားထားလိုက်သည်။ထိုအခါ အားလပ်သွားပြီဖြစ်သော သူ့လက်နှစ်ဘက်ကို ေဂျာင်ကုက ဆွဲယူပြီး ဆုပ်ထားသည်။ဆော့ဂျင်လက်က ရှည်ရှည်သွယ်သွယ်ဖြစ်ပြီး ကောင်လေးလက်နှင့်ယှဥ်လျှင် မသိမသာသေးငယ်သွားသည်။လက်ချင်းဆုပ်ထားသည်​့ အခါမျိုးတွင် သူ့လက်သည် ကောင်လေး၏ လက်ဖဝါးပြင်ကျယ်ထဲတွင် မြုပ်နေတတ်ပါသည်။

“ အစ်ကို့လက်တွေ အေးစက်နေတာပဲ ”

ဂျောင်ကုက ပြောပြောဆိုဆိုနှင့်ပင် ဆော့ဂျင် လက်နှစ်ဖက်လုံးကို လုံသွားအောင် အုပ်ကိုင်လိုက်သည်။လက်ချောင်းကလေးများနှင့် လက်ဆစ်များကိုလည်း နှိပ်နယ်ပေးဖို့ သူမမေ့။အအေးဓာတ်ကြောင့် အနည်းငယ် ကိုက်ခဲနေသော သူ့လက်ချောင်းများသည် ဂျောင်ကု၏ ပြုစုမှုကြောင့် အတော်လေး သက်သာသွားသည်။

“ အစ်ကိုသိလား။အစ်ကို့ကို စမြင်ကတည်းက 'ဒီကောင်လေးက ငါ့လူ' ဖြစ်လာမှာ ဆိုတဲ့ အတွေးဝင်ခဲ့တယ်။ထူးဆန်းတယ်နော်။ကံကြမ္မာက ကျွန်တော်တို့ နှစ်ယောက်အတွက် သတ်မှတ်ထားပြီးသား ထင်တယ်  ”

BEFORE I GO || JINKOOK ✓Where stories live. Discover now