~ 16 ~

3.1K 387 145
                                    

Unicode
_________

သိပ်မကြာသေးခင်ကမှ ဆေးသုတ်ထားသော ​နို့နှစ်ရောင် နှစ်ထပ်တိုက်ပုလေးသည် မီးရောင်စုံများအောက်တွင် အရောင်တစ်မျိုးဟပ်ကာ ကြည့်ကောင်းနေသည်။တစ်ခြံလုံးတွင်ကား အစိမ်းရောင်မြက်ခင်းနုများက တစ်ခွင်တစ်ပြင် နေရာယူထားသည်။

ခြံရှေ့မှ အိမ်ရှေ့အထိ လမ်းတစ်လျှောက်ကိုမူရွှေရောင်ပူဖောင်းများနှင့် အစိမ်းရင့်ရင် ပူဖောင်းများကို လိမ်ယှက်​ပြီး အသည်းပုံသဏ္ဍာန် ပုံဖော်ထားသည်က တစ်မျိုးအမြင်ဆန်းသစ်နေသည်။

ွရောင်စုံဆလိုက်မီးများ ကြားတွင် ရွှေရောင်စားပွဲခင်းများ ခင်းထားသော ခုံဝိုင်းများက ခပ်ကျဲကျဲနေရာယူထားသည်။သိပ်အများကြီးတော့ မဟုတ်။တစ်ဝိုင်းလျှင် ထိုင်ခုံလေးခုံသာ ချထားသော စားပွဲဝိုင်း ၅ဝိုင်း။

လူအယောက် ၂၀ခန့်ဖြင့်သာ ဖိတ်ထားသော ထိုမွေးနေ့ပွဲသည် အနောက်တိုင်းတေးဂီတသံစဥ်များဖြင့် ဝုန်းဒိုင်းကြဲမနေဘဲ ငြိမ့်ညောင်းသော တယောသံကြားတွင် အေးချမ်းတိတ်ဆိတ်နေသည်။

မွေးနေ့ပွဲလာသူများက ယွန်းဂီ၏ လုပ်ဖော်ကိုင်ဖက်တစ်ချို့နှင့် ဂျီမင်း၏ သူငယ်ချင်းတစ်ချို့သာဖြစ်သောကြောင့် လူငယ်ဆန်သော အရိပ်အငွေ့များနှင့်အတူ သောကြာနေ့ညသည် အိမ်မက်ဆန်စွာလှပနေသည်။

ခြံရှေ့က အရောင်မျိုးစုံ ဒီဇိုင်းမျိုးစုံကားများကြားတွင် စီးတော်ယာဥ်ဖြစ်သော ဆိုင်ကယ်လေးကို ဂျောင်ကုကထိုးရပ်လိုက်သည်။သူများတွေလို ကားမောင်းချင်သည်။အထူးသဖြင့် အစ်ကို့ကို ဘေးမှာထားပြ​ီး မြို့အနှံ့ ကားလေးနှင့်ပတ်ချင်သည်။လူရှင်းသည့် နေရာရောက်လျှင် အစ်ကို့လက်ဖမိုးတစ်ဖက်ကို ဆုပ်ကိုင်ရင်း အချစ်စကားတွေ တီတီတာတာ ပြောချင်သည်။

စိတ်ကူးနှင့် အမြဲတမ်းရူးသွပ်ခဲ့ရသည့် အချိန်များကို အကောင်အထည်ဖော်ဖို့ အကြိမ်ကြိမ်အားတင်းပြီး ကားမောင်းဖို့ကြိုးစားခဲ့ပါသည်။သို့သော် စူးအောင့်ပြီး ပူလောင်တင်းကျပ်လာသော ဝေဒနာကို သူမလွန်ဆန်နိုင်ခဲ့ပါ။မတတ်သာသည့်အဆုံးတော့ ဘယ်နေရာကိုသွားသွား လက်စွဲတော်ဆိုင်ကယ်လေးကိုပဲ အားကိုးအားထားပြုရသည်။

BEFORE I GO || JINKOOK ✓Where stories live. Discover now