~ 19 ~

3K 357 115
                                    

Unicode
_________

ညက ဘယ်လောက်တောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည် မသိ။မိုးလင်းနေပြီဟု သိနေသည့်တိုင် မျက်လုံးနှစ်ဖက်က ဖွင့်မရလောက်အောင် လေးလံနေသည်။အချစ်တော် RJ ရုပ်လေးကို လက်တစ်ဖက်ဖြင့် လိုက်စမ်းမိတော့ နူးနူးညံ့ညံ့အထိအတွေ့အစား အနည်းငယ် မာတောင့်နေသော လက်မောင်းကြွက်သား တစ်ခုကိုစမ်းမိသွားသည်။

“ဟင်!”

ဦးနှောက်ထဲသို့ တစ်စုံတစ်ရာသောအသိက ခပ်ပြင်းပြင်း အချက်ပေးလိုက်သောအခါ သူ့နှုတ်မှ အာမေဍိတ်သံ ခပ်တိုးတိုးထွက်သွားသည်။သူသည် လက်ထပ်ပြီးသည့် အဖြစ်ကို ရုတ်တရက် မေ့လျော့သွားခြင်း ဖြစ်သည်။

သူ စမ်းမိသော လက်မောင်း ကြွက်သားမှတဆင့် အပေါ်ဘက်သို့ ခပ်ဖြေးဖြေးစမ်းကြည့်ရင်း နူးညံ့သော နှုတ်ခမ်းနှစ်လွှာကြားသို့ အရောက်တွင် သူ့လက်ညှိုးလေးသည် ချွန်ထက်သော အရာဖြင့် ဖိကိုက်ခံလိုက်ရသကဲ့သို့ စူးကနဲ ဖြစ်သွားသည်။

“အ့”

နာကျင်မှုကြောင့် မျက်လုံးအစုံကို ဆက်လက်မှိတ်ထားဖို့ မစွမ်းသာတော့။လေးလံနေသည့် မျက်ခံွအစုံကို မရမကဖွင့်ကြည့်လိုက်သည်။ပြတ်ပြတ်ထင်ထင် မမြင်ရဘဲ ဝေဝါးနေသော မြင်ကွင်းသည် ခဏအကြာတွင် ရှင်းလင်းပြတ်သားလာသည်။အပြာနုရောင် မွေ့ယာထက်တွင် ကိုယ်တစောင်း အနေအထားအဖြင့် ခေါင်းအောက်တွင် လက်ထောက်ပြီး မျက်တောင်မခတ်တမ်းကြည့်နေသော ပြုံးစစမျက်နှာ။တစ်နည်းအားဖြင့် ကမ္ဘာပေါ်တွင် မိမိနှင့် အရင်းနှီးဆုံးလူသား။

“ဘာတွေ ကြည့်နေတာလဲ..ကျွန်တော့်ကို မမြင်ဖူးလို့လား”

ဂျောင်ကုက ပြောပြောဆိုဆိုနှင့်ပင် ဆော့ဂျင် လက်ညှိုးလေး တစ်ချောင်းဆွဲယူကာ ကိုက်ပစ်လိုက်သည်။

“နာတယ်..ဘာဖြစ်လို့ ကိုက်နေတာလဲ ”

“အသည်းယားလို့ ”

​ကျယ်ပြန့်သော ရင်အုပ်နှင့်အတူ ကြံ့ခိုင်ကျစ်လစ်သော ကြွက်သားတို့ကို မြင်သောအခါ ဆော့ဂျင်မျက်နှာလွှဲလိုက်သည်။ဂျောင်ကုက အလွှဲမခံ။သူ့ကျောပြင်ထက်သို့ သိုင်းဖက်ကာ မျက်နှာချင်းဆိုင်စေသည်။

BEFORE I GO || JINKOOK ✓Where stories live. Discover now