~ 11 ~

3.5K 420 133
                                    

Unicode
_______

ချွေးတွေ ရွှဲနစ်နေတဲ့ ဂျောင်ကု ခန္ဓာကိုယ်ကြီးကို မနိုင်မနင်းသယ်ရင်း ဆော့ဂျင် ကားတံခါးကို ​ခြေထောက်တစ်ဖက်တည်းနဲ့ ပိတ်လိုက်သည်။ကြွက်သားအပြည့်ရှိနေသော ရင်အုပ်ကျယ်ကြီးနှင့် ယှဥ်လိုက်လျှင် ဆော့ဂျင်က လူကောင်သေးသယောင် ရှိသည်။ဒီကောင်လေးကို ဆိုဖာခုံပေါ်ရောက်တဲ့အထိ တွဲလာရသည်မှာ မလွယ်ကူလှပါ။ညနေက ဆိုင်မှာစားသမျှ ပြန်အန်ထွက်ချင်စိတ်ပင် ပေါက်သည်။

"လေးလိုက်တဲ့ ခန္ဓာကိုယ်ကြီး။အားကစားတွေ ဘယ်လောက်လုပ်ထားတယ် မသိဘူး"

ပြောပြောဆိုဆိုနှင့်ပင် ဆိုဖာပေါ် ဝုန်းကနဲ ပစ်ချလိုက်တော့သည်။သူပါရောပြီး အားလွန်လဲကျသွား​ပြီး ကပြာကယာ ထရပ်တော့ ခါးနေရာက မျက်ခနဲ။

"အမယ်လေး...ငါ့ခါး....ကျွတ်....ကျွတ်"

ဆော့ဂျင် မျက်နှာမှာ ရှုံ့မဲ့သွားရကာ အတန်ကြာသည်အထိ ခါးကို ဟိုဘက်ဒီဘက်လှည့်ပြီး လေ့ကျင့်ခန်းလုပ်ရသေးသည်။

"ချွေးတွေလည်း ရွှဲနေတာပဲ။ရေပတ်တိုက်ပေးရင် ကောင်းမလား"

ဆော့ဂျင် တစ်ကိုယ်တည်း ပွစိပွစိ ရေရွတ်ကာ ရေချိုးခန်းဘက်သွားဖို့ ခြေလှမ်းပြင်လိုက်စဉ်...

"အစ်ကို မသွားပါနဲ့ "

သူ့လက်တစ်ဖက်ကို အမိအရလှမ်းဆွဲရုံမျှမက ခါးတစ်ခုလုံးကိုပါ ကျစ်ကျစ်ပါအောင် ဖက်ထားခြင်းခံလိုက်ရတော့သည်။
ပြီးတော့ ခေါင်းလေးပါ တိုးလာကာ သူ့ဝမ်းဗိုက်နေရာကို ​မျက်နှာအပ်ထားသည်။

"အစ်ကို...သူမသေဘူး ထင်တယ်။မီးထဲမှာ "

အစီအစဉ်မကျသော ဝါကျတွေ ဂျောင်ကုနှုတ်ဖျားက ထွက်လာလေလျှင် ဆော့ဂျင် အလိုက်သင့်ပြန်ဖက်ကာ ခေါင်းလေးကိုပွတ်ပေးလိုက်သည်။ထိုအပြုအမူကို နှစ်သက်သည့်အလား။ကောင်လေးက ငြိမ်ပြီး ခံယူသည်။

"အင်းပါ...မင်းဘာတွေ ကြုံခဲ့မှန်းမသိပေမယ့် အခုမင်းဘေးမှာ ငါတစ်ယောက်လုံးရှိတယ်။မကြောက်နဲ့"

"အင်း "

အကြောင်းအရင်းကို မေးဖို့ရည်ရွယ်ထားသော်လည်း ထိုကောင်လေး၏ စိတ်ဒဏ်ရာကိုအစကနေ ပြန်မဖော်ချင်တော့ပါ။လောလောဆယ် သူ့ခါးပေါ်မှာ မျက်နှာအပ်ပြီး ငြိမ်နေလိုက်တာများ။တကယ့် ၁၅နှစ်သားလေးလို။

BEFORE I GO || JINKOOK ✓Where stories live. Discover now