~ 22 ~

2.9K 337 89
                                    

Unicode
_________

ညက အိပ်ရာဝင်ချိန် နောက်ကျသွားသည်မို့ ဂျောင်ကုခေါင်းတစ်ခုလုံး နောက်ကျိနေသည်။ခါတိုင်းနှင့်မတူဘဲ လစ်ဟာနေသော သူ့ရင်ခွင်ကြောင့် မျက်လုံးမဖွင့်မိသေးဘဲ လက်တစ်ဖက်နှင့် လိုက်စမ်းသည်။ထိုအခါ လက်ချောင်းများအောက်က အိပ်ရာခင်း၏ အေးစက်စက် အထိအတွေ့ကိုသာ ရသည်။သူ့မျက်လုံးတွေ ဖျတ်ကနဲ ပွင့်သွားသည်။

“အစ် ကို”

ကုတင်ခြေရင်းက ထိုင်ခုံပေါ်မှာ ငုတ်တုတ်လေး ထိုင်နေသော အစ်ကို။မျက်လုံးများက သာမန်နဲ့ မတူဘဲ သူ့ကို မမှိတ်မသုန် စိုက်ကြည့်နေသည်။

“အစ်ကို..ဘာဖြစ်လို့လဲဟင်။ အစောကြီးနိုးနေတာလား။ခန္ဓာကိုယ်က နာနေသေးလား။ ညက ကျွန်တော် ဆေးလုံးတိုက်ထားပေမယ့် အဆင်ပြေ..”

“ဂေျာင် ကု”

ဂျောင်ကုက စိုးရိမ်တကြီး တရစပ်မေးလိုက်ပေမယ့် စကားမဆုံးခင် ဖြတ်ခေါ်လိုက်သော ဆော့ဂျင်ကြောင့် ရုတ်တရက် ကြောင်သွားသည်။ထူးသံကလည်း ပုံမှန်ထက် ကျယ်သွားသည်။

“ဗျာ”

“ဒီစာအုပ်ကို ညက တွေ့ခဲ့တယ်။ဒီအထဲက ဓာတ်ပုံက မင်းသူငယ်ချင်းပုံလား”

မြှောက်ပြလာသော လက်ဝါးအရွယ် စာအုပ်ကလေးကြောင့် ဂျောင်ကုရင်ထဲ ဆစ်ကနဲနာသွားသည်။

“ဟုတ်တယ် အစ်ကို။အဲ့ဒါ မင်ဟို ကျွန်တော့်ကိုလက်ဆောင် ပေးထားတဲ့စာအုပ်လေး။ စာအုပ်ထဲမှာ သူ့ဓာတ်ပုံလေးပါ အမှတ်တရထည့်ပေးထားတာ”

“သူသေပြီးတော့ရော...အဲ့ဒီအမှုဘာဖြစ်သွားသေးလဲ။ တရားခံတွေကို ဖော်ထုတ်နိုင်ခဲ့ရဲ့လား”

ဆော့ဂျင်သည် နင့်နေသော ရင်တွင်းတစ်နေရာကို ထိန်းချုပ်ကာ အသံတိမ်ဝင်မသွားအောင် ကြိုးစားနေရသည်။သူ့မျက်လုံးတွေက အရောင်မှိန်ကာ မှုန်မှိုင်းနေသည်။

ဂျောင်ကုက အပေါ်ပိုင်းဗလာကျင်း အနေအထားနှင့်ပင် ကုတင်​ခြေရင်းစွန်းတွင် ထိုင်သည်။ထို့နောက် မျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့် ပွတ်သပ်ပြီး ခေါင်းငိုက်စိုက်ချကာ စကားစကို ဆက်သည်။

BEFORE I GO || JINKOOK ✓Where stories live. Discover now