~ 10 ~

3.8K 420 98
                                    

Unicode
_______

"Morning ပါ အစ်ကို "

ဖုန်းဖွင့်တာနဲ့ noti သံနှင့်အတူ ရောက်လာတဲ့ ဂျောင်ကုရဲ့ စာတိုလေး။

အိပ်ယာထကာစမို့ ဆော့ဂျင်မျက်ခံွလေးတွေ မို့အစ်နေသည်။လက်ခုံနဲ့ မျက်လုံးတွေကို ခတ်ဖွဖွပွတ်လိုက်ပြီး နောက်ထပ်တစ်ကြိမ် သူဖတ်မိသွားပြန်သည်။

"အစ်ကို အိပ်ပုတ်လေး အိပ်ယာထပြီ မဟုတ်လား"

နောက်ထပ်ရောက်လာသော စာတိုလေးကို ဖတ်ကြည့်ပြီး သူ့ရင်ထဲ ရှိန်းကနဲ လှိုက်ဖိုသွားရသည်။သိတတ်စအရွယ်ကစပြီး ယုယုယယ အိပ်ယာအနှိုးခံရဖူးတာဆိုလို့ ဒီတစ်မနက်က ပထမဆုံးဖြစ်မည်ထင်သည်။

အချစ်ဆုံးသူငယ်ချင်းကြီး မင်ယွန်းဂီလည်း သူ့ကို ဖုန်းတစ်လုံးနဲ့ လှမ်း,လှမ်း နိုးတတ်ပါသည်။အခုလို နူးနူးညံ့ညံ တော့မဟုတ်။

​ကိုရီးယားကနေ အမေဇုန်သစ်တောထဲအထိ ကြားနိုင်လောက်သော အသံကြီးနှင့်ဖြစ်သည်။ကာလနဂါးမင်း ယွန်းဂီက အခါတိုင်းတော့နှိုးသည်မဟုတ်ပါ။ဆော့ဂျင်ခရီးသွားစရာရှိသည့်အခါမျိုးတွင် တာဝန်အရ နံနက်စောစောလှမ်းနှိုးပေးတာမျိုးဖြစ်သည်။ထိုနေ့မျိုးတွင် ဆော့ဂျင်ခမျာ အဆမတန်လန့်နိုးသွားသော နိုးထခြင်းမျိုးဖြင့် ထရလေသည်။

"ဘာလို့ replyမပြန်တာလဲ!"
"နံနက်စာ စားဖြစ်အောင်စားနော်"
"ဒဏ်ရာကိုလည်း ဆေးထည့်ဖို့ မမေ့နဲ့ဦး"

Notification သံတတီတီနဲ့ နောက်ထပ်ရောက်လာသော စာလေးတွေကြောင့် ဆော့ဂျင် ပြုံးယောင်သမ်းသွားသည်။

ဒီလိုကျတော့လည်း ကိုယ့်ကောင်လေးက ဂရုစိုက်တတ်သား။

"ထပြီ "

အတိုဆုံးရေးပြီး reply ပြန်ပြီးသည့်နောက် ဆော့ဂျင် ကုတင်ပေါ်ကနေ ထထိုင်လိုက်သည်။အိပ်ယာခင်းကို သေချာညီညာအောင်ခေါက်ရင်း RJ ရုပ်လေးကိုပါ သပ်သပ်ရပ်ရပ်ထားလိုက်သည်။အဖြူဆွတ်ဆွတ် RJ ရုပ်လေးသည် သူ ညတိုင်းဖက်အိပ်နေကျ အဖော်လေးဖြစ်သည်။

သန့်စင်ခန်းဝင်ကာ ရေမိုးချိုး၊နံနက်စာစားကာ ကျက်စပြုနေပြီဖြစ်သော ဒဏ်ရာကို ဆေးထည့်ပြီးသည့်နောက်တွင်တော့ ဆော့ဂျင်၏ တစ်မနက်စာသည် ကုန်ဆုံးသွားသည်။

BEFORE I GO || JINKOOK ✓Where stories live. Discover now