~ 9 ~

3.8K 424 138
                                    

Unicode
_______

အနောက်ဘက် ကောင်းကင်မှ လိမ္မော်ရင့်ရောင် တိမ်စိုင်တစ်ချို့ ပါးလျနီစွေးနေသည်။အလင်းပျောက်လုပျောက်ခင် ပတ်ဝန်းကျင်ကို တိုးလျစွာတိုက်ခတ်လာသော လေနုအေးက သိမ်းသွင်းနေပြန်၏။

အပေါ်ထပ် ဝရန်တာကို လက်ထောက်မှီထားသည့် ကောင်လေးမှာ ကော်ဖီတစ်ခွက်ကို စိမ်ပြေနပြေသောက်နေလေသည်။လေ၏ ပွတ်ထိုးကျီစယ်မှုကြောင့် အဖြူရောင်ရှပ်အကျီကော်လံစမှာ တလူလူတိုက်ခတ်နေသည်။သွေးကြောစိမ်းများ ယှက်သန်းနေသည့် လက်ဖျံဖြူဖြူဖွေးဖွေးက အဖြူရောင်အကျီနှင့် လိုက်ဖက်လွန်းသည်။

"ဟယ်လို "

တတီတီမြည်နေသော ဖုန်းသံကြောင်​့ ကော်ဖီခွက်ကို လက်တစ်ဖက်က ကိုင်ရင်း ဖုန်း screen ကို ကြည့်လိုက်တော့ သူ့ရဲ့ နှစ်ယောက်မရှိနိုင်တဲ့ လူဆိုးလေး။

"အစ်ကို "

"အင်း...ပြော "

အသံကို နှိမ့်ထားလိုက်ရင်း အနည်းငယ် ခုန်နေသော ရင်ကိုတည်ငြိမ်အောင် ထားပြီး ပြန်ထူးသည်။

"ညနေက ပြောတာ တကယ်နော်"

"ဘာကိုလဲ "

"တွဲမယ်ဆိုတာလေ "

"အင်းလေ..သိရဲ့သားနဲ့ ဘာဖြစ်လို့ထပ်မေးနေတာလဲ"

"မဟုတ်ပါဘူး။ကျွန်တော်တကယ် မယုံနိုင်သေးလို့"

ဆော့ဂျင် ကော်ဖီတစ်ငုံထပ်သောက်သည်။လေနုအေးက တသုန်သုန်မြူးလျက် မှောင်ရီပျိုးစ ည၏ ပျိုမျစ်ခြင်းကိုဖော်ကျူးနေသည်။

"အခု အစ်ကို ဘာလုပ်နေလဲ"

" ဝရန်တာမှာ ကော်ဖီသောက်နေတယ် "

"ဒဏ်ရာ သက်သာလား။ကျွန်တော်လာခဲ့ရမလား"

"မလာနဲ့ "

"မရတော့ဘူး။အခု အစ်ကိုအိမ်ရှေ့နားရောက်တော့မယ်"

"ဘာ...မင်း....အဟွတ်"

လည်ချောင်းထဲက ကော်ဖီရည်တစ်ချို့က ကန့်လန့်ဆန်စွာစီးဝင်သွားသည်။တဖြူးဖြူးတိုက်နေသော လေတောင်ဘယ်ရောက်သွားမှန်းမသိတော့။ရည်းစားနှင့် ခိုးတွေ့ခါနီး ဆယ်ကျော်သက်လေးလို ခုန်နေသည့်နှလုံးအစုံကိုလည်း စိတ်ထဲကနေ ကျိန်ဆဲမိသည်။

BEFORE I GO || JINKOOK ✓Where stories live. Discover now