~ 2 ~

6.6K 539 49
                                    

Unicode
_________

လိမ္မော်ပင်များကြားမှ ဖြတ်သန်းလာသော လေ​ပြည်သည် ပြတင်းပေါက်က တစ်စုံတစ်ခုကို ဖြေးညှင်းစွာ
ရိုက်ခတ်သွားသည်။နေရောင်ခြည်မျှင်တန်းတစ်ခုက လိပ်ပြာနတ်သမီးပုံ crystal လိုက်ကာကြိုးပေါ်တွင် ခဏတစ်ဖြုတ် ခိုနားသောကြောင့် အရောင်တစ်မျိုးတောက်ပနေသည်။လေတစ်ချက်တိုးလိုက်တိုင်း ထို crystal အရုပ်လေးတွေက တချွင်ချွင်မြည်သံပေး၏။

အခန်းပိုင်ရှင်ကတော့ Sofa bedပေါ်က စောင်ပုံကြားထဲမှာ လှုပ်လှုပ်ရွရွရှိနေဆဲ။အခန်းတွင်းမှာ ပစ္စည်းများများစားစားတော့မရှိ။coffe table မီးခိုးရောင်တစ်လုံး၊သောက်လက်စ ကော်ဖီခွက်၊လုံးထွေးနေသော အကျီအထည်ရယ်ပဲ ရှိသည်။

"အား!!! ကျွတ်...ကျွတ်..."

တံတောင်ဆစ်နေရာက နာကျင်မှုကြောင့် ရှုံ့မဲ့သွား၏။ကပိုကရိုနဲ့ဖွာလန်ကျဲနေသော ဆံပင်တွေကို လက်နဲ့သပ်တင်ပြီး မျက်လုံးနှစ်ဖက်ကို လက်ဖနောင့်နဲ့ပွတ်သပ်သည်။တင်းတင်းစေ့ထားသော နှုတ်ခမ်းပါးပါးအောက်က မှဲ့နက်က တစ်မျိုးဆွဲဆောင်မှုရှိသည်။ခြုံထားသော စောင်ကိုခွာချလိုက်ပြီး အပေါ်ပိုင်းဗလာအနေအထားနဲ့ပင် ရေချိုးခန်းထဲဝင်သည်။

ရေပိုက်ခေါင်းအောက်မှာ ရေတွေကို လက်ခုံနဲ့အပြည့်အမောက် ခံပြီး မျက်နှာတစ်ခုလုံး နှစ် ထားလိုက်သည်။ပြန်မော့လာသော မျက်နှာထက် ရေမှုန်ရေမွှားများ ခိုတွဲနေသည်။နှုတ်ခမ်းပါးက ရှေ့ကိုစုကာ တရွှီရွှီနဲ့ လေချွန်ပြီးကိုယ်လက်သန့်စင်သည်။

"ဂျောင်ကု...နိုးပြီလား.."

အိမ်ရှေ့က အသံတစ်သံကြောင့် ဦးလေးဂျွန် မနက်စာလာပို့မှန်းသိလိုက်သည်။ဒီနေရာက ဦးလေးဂျွန်ရဲ့ လိမ္မော်ခြံ။ဦးလေးက ဂျောင်ကုဖေဖေရဲ့ တစ်ဦးတည်းသော အစ်ကို။ဂျောင်ကုက ခြံထောင့်တစ်နေရာကို အပိုင်သိမ်းပစ်ပြီးတော့ သစ်လုံးအိမ်လေးတစ်လုံးဆောက်ပြီး နေတာဖြစ်သည်။

လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက လိမ္မော်ခြံမှာပဲ အနေများသည်။ဆိုးလ်မြို့ပေါ်က အိမ်ကတော့ သွားလိုက်တိုင်း အဖေနဲ့တိုးနေတာမို့ တော်ရုံတန်ရုံ မပြန်ဖြစ်တော့ပေ။အသက်ရှုလိုက်တိုင်း လန်းဆန်းမှုကိုပေးသည့် လိမ္မော်ရနံ့သင်းနေသည့် ဒီခြံလေးက ဂျောင်ကုရဲ့ ခိုနားစရာ ရိပ်မြုံလေး။

BEFORE I GO || JINKOOK ✓Where stories live. Discover now