~ 17.2 ~

2.9K 339 50
                                    

Unicode
_________

တိတ်ဆိတ်​ခြောက်သွေ့နေသော ပတ်ဝန်းကျင်တွင် ပိုးကောင်လေးများ၏ အော်မြည်သံမှအပ မည့်သည့်အသံမှ မကြားရ။အခန်းထောင့်တွင် အစာရှာနေဟန်တူသော ကြွက်ကလေးသည် တစ်စုံတစ်ယောက်၏ ခြေသံကိုကြားသောအခါ လှစ်ကနဲ ပြေးသည်။

ထို့နောက် ခလုတ်ဖွင့်သံ တစ်ခုနှင့်အတူ  မျက်နှာကျက်က မီးလုံး၏ အလင်းရောင်သည် တစ်ခန်းလုံးကို ထိန်လင်းသွားစေသည်။

သူက သစ်သားစားပွဲဆီသို့ လျှောက်လာပြီးနောက် စားပွဲအောက်က အံဆွဲဆီသို့ လက်လှမ်းလိုက်သည်။အံဆွဲ၏ လက်ကိုင်ကို ဆွဲကာ ဖြည်းဖြည်းချင်း ဖွင့်လိုက်လျှင် ပလပ်စတစ်အိတ်အနက်နှင့် ပတ်ထားသော ကင်မရာတစ်လုံး။

သူသည် နီးစပ်ရာ သစ်သားခုံတစ်ခုပေါ်တွင် ထိုင်လိုက်ကာ ကင်မရာ၏ ခလုတ်ကို နှိပ်လိုက်သည်။

ယောက်ျားကြီးတစ်ဦးက မိန်းကလေးငယ်တစ်ဦးကို ဖက်ပြီး စကား​ပြောနေသော ပုံများ၊ကားပေါ်သို့ တက်သွားသောပုံများသည် အစီအရီပေါ်လာသည်။

ထိုပုံများကို ကြည့်ရင်း သူ့မှတ်ဉာဏ်အာရုံသည် လွန်ခဲ့သော နှစ်လခန့်က အချိန်တစ်ခုကိုရောက်သွားသည်။

𖧷 . 𖧷. 𖧷

ပိန်းပိတ်နေအောင် ရွာသော မိုးရေစက်များသည် လမ်းမီးရောင်၏ အလင်းကြောင့် တလက်လက်တောက်နေသည်။တစ်စ တစ်စ ပြင်းထန်လာသော မိုးရေပေါက်များကို သူ့ကိုယ်ပေါ်က မိုးကာအကျီက လုံလောက်အောင် မခုခံနိုင်။ကြမ်းတမ်းသော မိုးရေစက်များတစ်ခါရိုက်ခတ်သွားတိုင်း သူ့မျက်လုံးတွေ စပ်ဖျဥ်းဖျဥ်းဖြစ်သွားသည်။

အထက်ကောင်းကင်ယံမှ လျှပ်စီးရောင်ကလည်း မိုးထစ်ချုန်းသံနှင့်အပြိုင် ဝင်းကနဲ,လက်ကနဲ။မျက်တောင်ဖျားက မိုးရေစက်များက အမြင်အာရုံကိုအနှောင့်အယှက်ပြုသဖြင့် လက်နှင့်မကြာခဏ သပ်ချနေရသည်။

သဲကြီးမဲကြီးရွာချနေသော မိုးရေပေါက်ကြီးများသည် အောက်က လမ်းမပေါ်သို့ တဖြန်းဖြန်းရိုက်ခတ်နေသောကြောင့် မိုးသံမှအပ မည်သည့်အသံကိုမှ မကြားရ။

BEFORE I GO || JINKOOK ✓Where stories live. Discover now