~ 23 ~

3.1K 374 89
                                    

Unicode
_________

ဖွင့်ထားသော ပြတင်းပေါက်မှ တစ်စွန်းတစ်စ ကျရောက်နေသည့် လရောင်ကြောင့် အစ်ကို့မျက်နှာကို သူသဲသဲကွဲကွဲမမြင်ရ။နံရံကို မှီထိုင်နေသော အစ်ကိုသည် သူ့ကိုတစ်ချက်မှ ငဲ့မကြည့်ဘဲ မျက်နှာကို မော့ထားသည်။

“ လမ်း ခွဲ ကြ ရ အောင် ”

အစ်ကို့နှုတ်ထွက် စကားတစ်ခွန်းက သူ့အတွက် သေမိန့်ပေးလိုက်သကဲ့သို့ပင်။'သေလိုက်တော့' ဟု သွယ်ဝိုက်သောနည်းဖြင့် ပြောလိုက်သလိုမျိုး။ထောက်ထားသည့် သူ့​ဒူးနှစ်ဖက်က ကျိုးကျသွားသည်။

“မင်းအဖေကိုရော မင်းကိုရော ငါအရမ်းကြောက်တယ်။မုန်းလည်း မုန်းတယ်။မင်းတို့မိသားစုနဲ့ ထပ်ပြီး မပတ်သက်ပါရစေနဲ့တော့”

သူ့ရင်ထဲမှာ စူးစူးဝါးဝါး နာကျင်လာသည်။ပြည်လျှံနေသော မျက်ရည်များကြောင့် အစ်ကို့ပုံရိပ်သည် မှုန်ဝါးနေသည်။တုံ့ပြန်စကားဆိုဖို့အရေး သူ့နှုတ်ခမ်းအစုံက ဖွင့်ဟလို့မရ။တဆတ်ဆတ်တုန်နေသည်။

ဘယ်လိုစကားမျိုးပြောရမှန်းကို ဂျောင်ကုမသိ။'တောင်းပန်ပါတယ်' ဟူသော စကားတစ်ခွန်းကလွဲပြီး ကျန်တဲ့စကားလုံးတွေကို စဥ်းစားမရပါ။

“အစ် ကို..ကျွန် တော် ေလ..”

“တော်ပါတော့။ ငါဘာမှမကြားချင်တော့ဘူး”

အားယူပြောနေရသော အစီအစဉ် မကျသည့် သူ့စကားလုံးတွေက အစ်ကို့အမိန့်သံအောက်တွင် တစ်စစီ ပြိုကွဲသွားသည်။နားနှစ်ဖက်ကို လက်ဝါးဖြင့် ပိတ်ပြီး ခေါင်းငုံ့သွားသော အစ်ကို့ကို ဂျောင်ကုပွေ့ဖက် နှစ်သိမ့်ပေးချင်သည်။အရင်လို ရင်ခွင်ထဲ ေထွးဖက်ရင်း အားပေးချင်သည်။

“ဟင့်အင်း..မလာပါနဲ့။ ငါနဲ့ဝေးဝေးမှာနေ”

ဂျောင်ကု လက်လှမ်းလိုက်တော့ အစ်ကိုက ခါးခါးသီးသီးငြင်းသည်။သူဆက်ပြီး မလှမ်းဝံ့တော့ပါ။တုန်ယင်နေသော လက်အစုံကို ရင်နာနာနှင့်ပင် ပြန်ရုတ်သိမ်းလိုက်သည်။

ဒီလက်တွေက အစ်ကို့ကို ထိဖို့တောင် မတန်တော့ဘူးတဲ့လား အစ်ကိုရယ်။

BEFORE I GO || JINKOOK ✓Where stories live. Discover now