~ 5 ~

4.8K 501 108
                                    

Unicode
_________

ဆိုးလ်မြို့အလယ်ရှိ "Light House " ဆိုသည့် မိဘမဲ့ဂေဟာရှေ့တွင်အပြာရောင်ကားလေးတစ်စီးထိုးရပ်သည်။ထိုကားလေးရပ်သည်နှင့်ဂေဟာထဲကကလေးအတော်တော်များအော်ဟစ်ခုန်ပေါက်ပြီး ပြေးထွက်လာကြသည်။တစ်လတစ်ကြိမ်စားစရာတွေ လာလှူနေကျမို့ ထိုကားပိုင်ရှင်နှင့် ကလေးတွေက ရင်းနှီးပြီးသား ဖြစ်သည်။

ကားပေါ်က အပြာနုရောင်ရှပ်အကျီအစင်းနဲ့လူ ဆင်းလာသည်နှင့် လက်ဆွဲတဲ့သူကဆွဲ၊ခါးပြေးဖက်တဲ့သူကဖက်နှင့် အတော်လေး ဗြောင်းဆန်သွားသည်။

"ဦးဦး နေကောင်းလား"

"ဦးဦးကို မျှော်နေတာ"

"ဦးဦးဂျင်ကို သတိရနေတာ"

"ဦးဦး မုန့်တွေပါသေးလား"

အသံစာစာကလေးတွေ ဆူညံသွားသည်အထိ တစ်ယောက်တစ်ပေါက်မေးကြသည်။ခင်မင်ရင်းနှီးနေတဲ့ မျက်လုံးလေးတွေက အရောင်တဖျပ်ဖျပ်လဲ့ကာ ဆော့ဂျင်ကိုပဲ မော့ကြည့်နေကြသည်။

"ဒီမှာပါဗျာ...သားတို့သမီးတို့အတွက် မုန့်တွေအများကြီး ပါလာပါတယ်...ကြိုက်သလောက်သာစားကြ"

ကားထဲက ကိတ်မုန့်ပုံးတွေ တစ်ခုပြီးတစ်ခု ထုတ်ပြလိုက်သည်။သူ့စကားအဆုံးမှာ အော်ဟစ်ခုန်ပေါက်သံတွေရော၊လက်ခုပ်သံတွေပါ ဆူညံသွားသည်။သူ့အရွယ်နဲ့သူ အစွမ်းကုန်လှနေကြသည့် ပန်းကလေးများဖြစ်သည်။ထိုပန်းပွင့် အဖူးအငုံလေးတွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ရေလောင်းပေါင်းသင်ပေးဖို့ကတော့ ဆော့ဂျင်ဆန္ဒဖြစ်သည်။

"စားလို့ကောင်းလား ကလေး"

"ကောင်းတယ်...ဦးဦး၊ဦးဦးဂျင်လုပ်တဲ့ မုန့်တွေက အရမ်းအရသာရှိတယ်"

"တကယ်လား"

"ဟုတ်"

မြိန်ရေယှက်ရေ စားသောက်နေကြသော ကလေးတွေကို ကြည့်ရင်း ဆော့ဂျင် ပီတိဖြစ်ရသည်။ဂေဟာမှူးနှင့် သာကြောင်းမာကြောင်း စကားတွေ ပြောပြီး
မရောက်တာကြာပြီဖြစ်တဲ့ ဂေဟာဝန်းထဲ လျှောက်ကြည့်မိသည်။

ဂေဟာဝန်းလေးက အတော်ပင်ကျယ်သည်။သီးပင်စားပင်များကို အနောက်ဘက်က မြေကွက်လပ်များတွင် စိုက်ပျိုးထားကြသည်။ထိုစိုက်ခင်းများအလယ်တွင် မြေသားလမ်းကလေးတစ်ခုရှိသည်။မိုးရွာပြီးစမို့ထင် ​မြေနံ့ခပ်သင်းသင်းက နှာခေါင်းဝကို တစ်ချက်တစ်ချက် လာရောက်ကျီစယ်သည်။

BEFORE I GO || JINKOOK ✓Where stories live. Discover now