PART[4.8]သားရဲဂူထဲကယုန်လေး💚🚫

20.8K 671 33
                                    


Zawgyi

" ချစ်တယ်ကွာ ထပ်ပြီးမူမနေပါနဲ့တော့ "

ရင်ခွင်ထဲသိုင်းဖက်လိုက်တော ချူးရှန်လန့်သွားကာ
ရုန်းကန်လိုက်သည်။

ရုန်းလိုက်ကာမှ သားရဲကြီးက ယုန်ပေါက်လေးကို လုံးဝအလွှတ်ပေးရန် ဆန္ဒမရှိ ။ ရုန်းကန်နေတဲ့လက်တွေကို ချုပ်တည်းကာ နှုတ်ခမ်းကိုဖိနမ်းပြစ်လိုက်ချေသည်။

ချူးရှန်မျက်လုံးများ ပြာဝေလာရပြီး ။ တစ်ခါမှ ဒီလောက်ထိ မလန့်ဘူးပေ။
သူ့ချစ်သူက.ဗိုလ်ကြီးဟွမ်ရို့လို့ သတ်မှတ်ထားတာ သူမက သူမချစ်သူတွက်ပဖြစ်နေရမှာ။
ခုတော့ ဒီဘဝရဲ့ first kiss လေးသွားပါပြီ။

ခေါင်းဆောင်ကျန်းကိုကြည့်ရတာ မူမမှန်ပေ။
ခါတိုင်းတည်ကြည်ပြီးလေးနက်တဲ့ပုံစံဖြစ်နေသလောက်.ခုတော့ သူ့မျက်လုံးထဲက ညို့မျက်ဝန်းတွေက ချူးရှန်ကို ကျောချမ်းစေသည်။

စားတော့မတတ်ကြည့်နေတဲ့ ဒီအကြည့် တကယ် တစ်ခြားတစ်ယောက်လိုပဲ။

" ဟင်.အစ်ကိုကျန်း ဒီလိုမလုပ်ပါနဲ့ "

ထပ်မံ၍ နမ်းမည်အပြု ခြောက်ခြားစွာ လန့်ဖျန့်နေသော ချူးရှန်.ချွေးစေးများပင် ရွှဲလို့

ပိုမိုနီးကပ်လာရင် ချူးရှန်ကိုယ်လေးကို ခါးမှသိမ်းဖက်၍ နမ်းမ်ာအပြု ရှိသမျှအားနဲ့.ရုန်းကန်ကာ

" ဖြန်း.!! '

ခေါင်းဆောင်ကျန်း ပါးတစ်ဖက် ရဲတွတ်သွားလောက်သည်.အထိ ရိုက်ထည့်လိုက်ပြီး

အခန်းဝဆီသို့.ပြေးထွက်လာခဲ့သည်။

တံခါးက.သူဝင်လာတုန်းက မပိတ်ထားခဲ့ပါ။ ခုက အပြင်ကနေ တစ်ယောက်ယောက် ပိတ်ထားသည်မို့ အထဲက ဖွင့်မရ။

သေချာသည် ပူးပေါင်းကြံစည်ခံရတာ။

ချူးရှန်ပို၍ ဒေါသဖြစ်လာကာ တံခါးကို အထဲမှ.ထု၍ ထိတ်လန့်အော်ငိုနေမိ၏။

  Vîllïañ's Wïšĥ ~ Arc[2]💜[3]💜[4]💜[5]Where stories live. Discover now