[Arc-2]💐END💐❤

22.5K 820 32
                                    

မျှော်နေမယ် ချစ်သူ
💚
Zawgyi
(ဇာတ်သိမ်းပိုင်း)
💐💒💐💒

ကျားရှစ်ဖန်း မြို့ဟောင်းသို့.သွားရောက်၍
မိစ္ဆာတို့ ကိန်းဝပ်ရာနေရာသို့ ချီတက်ရတော့မည်။
ကျားရှစ်ဖန်း မြို့မှာ လူမနေနိုင်တော့ောလက်အောင် ကြောက်စရာကောင်းလွန်းလှသည်
လူနေဖို့မပြောနဲ့ မြို့ဟောင်းနားကိုပင်မသွားနိုင်ကြပေ။
ထိုမြို့ဟောင်းကို မိစ္ဆာများအပိုင်သိမ်းထားပြီး
ကြာလာလျှင် ကျန်မြို့များကိုပါ ကျူးကျော်လာနိုင်ချေရှိ၏။

ကုံ့လျန်းဂိုဏ်းနှင့် တခြားသူတော်စင် ကျင့်ကြံခြင်းများအားလုံးပူးပေါင်း၍.
မိစ္ဆာများကို နှိမ်နင်းရန် ချီတက်လာကြသည်။

"ဝေဝေ..ရှစ်စွမ်းဘေးမှာပဲနေနော်"

"ဟုတ်ကဲ့ ရှစ်စွမ်း "

လျားကျန့်ရီ ကလိုက်ပါလာသော်လည်း
ကျိုးရှောင်းဖန် ကတော့ လိုက်ပါလို့မရပေ။

မုံ့အာနှင့်ယင်းအာ မှာ မလိုက်ချင်သော်လည်း
သျားဝေဝေကို စောင့်ရှောက်ရမည့်တညဝန်ကရှိနေသေးသည်။

ဘတ်ရှန်းမင်.ကုထန့်စစ်နားကပ်နေသောဝေဝေအားကြည့်၍

!သျားဝေဝေ. နင်စောင့်ကြည့်နေလိုက် နင်မကြာခင်ပျောက်ကွယ်သွားရတော့မှာပါ!

ဂိုဏ်းသားများအားလုံးစုကြ၍
လမ်းတွင်နားနားပြီးသွားလိုက်ကြရာ

ရန်းတောင်မြို့တွင်ဝင်တစ်ညတည်းခိုကြရပေးမည်
မနက်မလင်းခင်စောစောချီတက်မည်ဆိုလျှင်
ကျားရှစ်ဖန်း သို့ နံနက်မိုးသောက်တာနဲ့ရောက်မည်။

အားလုံးအခန်းကိုယ်စီတွင်အနားယူကြ
ဂိုဏ်းချုပ်များကိုယ်စီဆွေးနွေးကြနှင့်
ထိုညကတော့ရင်ခုန်စရာကောင်းနေပေတော့သည်။

ကုထန့်စစ် ဝေဝေတွက်စိတ်ပူသည်
ကျင့်ကြံခြင်းပညာကိုလည်း
သိပ်ပြီးသင်ယူရသေးတာမဟုတ်
ဝေဝေအခန်းရှိရာဆီသို့.
သတိပေးရန်နှင့်.အဆောင်အကာအကွာများပေးရန်ထွက်အလာ
ပိုင်ဝူချန်း မှာအရင်ရောက်နှင့်နေပြီ

  Vîllïañ's Wïšĥ ~ Arc[2]💜[3]💜[4]💜[5]Where stories live. Discover now