PART [5.2]

8.7K 444 4
                                    


(Zawgyi)

လှည့်စားတတ်သောအချစ်

ဝမ်ရှိုးယွဲ့၏ ဘိုးတော်မင်းကြီး
ဘုရင်ဝမ်ချင်းမင် စိုးစံစဉ် အိမ်ရှေ့စံဝမ်ကျောက်ဖုန်းဟာ​ တောထဲတစ်နေရာတွင် စစ်စခန်းပြုလုပ်၍ လူအင်အားများစွာကို စစ်ရေးလေ့ကျင့်ပေးကာ နန်းလုရန် ကြံစည်နေကြောင်း.. ရှောင်ဟွေ့ရွှမ်း၏ဖခင် အမတ်ရှောင် ဘုရင့်ဆွေမျိုးတော်မှ မကြာခဏ တိုင်ကြားကာ ဘုရင်ဝမ်ချင်းမင် စစ်ဆေးစုံစမ်း၍..
အိမ်ရှေ့စံဝမ်ကျောက်ဖုန်းအား နိုင်ငံပုန်ကန်မှုနဲ့ သေဒဏ်ပေးလိုက်သည်။

အိမ်ရှေ့စံဝမ်ကျောက်ဖုန်း ကို ပြစ်ဒါဏ်စီရင်ပြီး
တစ်ပတ်အကြာ ဘုရင်ဝမ်ချင်းမင် နတ်ရွာစံသွားလေသည်။
မည်သည့်အကြောင်းကြောင့် နတ်ရွာစံသည်ကို ဘယ်သူမှ ရေရေရာရာမသိကြပေ။

မကြာမီပဲ ဘုရင့်ဆွေမျိုးတော်ထဲမှ ရှောင်ဟွေ့ရွှမ်းဘုရင်ငယ် ထီးနန်းတက်ခဲ့သည်။

အစတည်းက ဝန်အမတ်မင်းကြီး၏ သားဖြစ်သော ဘုရင်ရှောင်ဟွေ့ရွှမ်း မှာ ဘယ်အမတ် ဘယ်အရာရှိမှ ကန့်ကွက်မနိုင်အောင်
ဆွေကြီးမျိုးရာ ​သေနာပတိများမှ ဝန်းရံခစားကာ
တိုင်းပြည်အုပ်ချုပ်နိုင်လေသည်။

ပိုင်ယွဲ့မြို့စားမင်း၏ မြေးတော် အား. ပိုင်ထင်းရိ အါး
မင်းနေပြည်တော်မှာပင် ဦးရီးတော်အဖြစ် ခန့်အပ်ခဲ့လေသည်။

ရှန်မျိုးရိုး၏ အရှိန်အဝါမှာ မင်းမျိုးမင်းနွယ်လောက်ပင် ကြီးမားနေမားကာ.
ပိုင်ယွဲ့မြို့.၏သာယာဝပျော မှုမှာ သူမတူအောင် ပြီးပြည့်စုံခဲ့သည်။ သို့ကြောင့်ပင် ဘုရင်ဝမ်ချင်းမင် လက်ထပ်ကတည်းက ပိုင်မြို့စား. ပိ.ုင်လုံစန်း အားတရိုတသေရှိသည်။

ဘုရင်ရှောင်ဟွေ့ရွှမ်း နန်းတက်တော့လည်း ပိုင်ထင်းရိ၏ ညီမ ပိုင်ဖေးနန် ကိုမိဖုရားတင်ကာ
တော်ဝင်မျိုးရိုးနှင့် ပိုင်မျိုးရိုးတို့ လက်ဝါးချင်းရိုက် တိုင်းပြည်ကို စိုးစံလေတော့သည်။

  Vîllïañ's Wïšĥ ~ Arc[2]💜[3]💜[4]💜[5]Where stories live. Discover now