PART [5.5]

6.3K 444 8
                                    

(Zawgyi )

ခြေလှမ်

နောက်စရာရှားလို့ အိမ်ထိန်းတော်ကြီးကို နောက်ပြီး
နောက်ပြန်ပက်လက်လှန်လဲကျနေသော.
ဝမ်ရှိုးယွဲ့ ၏ကိုးရိုးကားယား နိုင်မှုကို
ချွင်းရှောက်ဖန် ခေါင်းကိုညင်ညင်သာသာခါမိတော့သည်။

နန်းတော်တမျှခမ်းနားလှတဲ့ အဆောင်တော်ထဲကို ချွင်းရှောက်ဖန် နောက်သို့လိုက်လာခဲ့သည်။
အိမ်ထိန်းတော်ကြီးကတော့ အပြင်ဘက်မှာကျန်ရစ်ခဲ့ရသည်။

နန်းဆောင်၏အတွင်းတော်. အခန်းအသွယ်သွယ်ကိုဖြတ်ကျော်ပြီး.
သီးသန်းနန်းဆောင်တော်လေးကို ကြည်လင်၍ကြာပန်းနွယ်များအလှဆင်ထားသော ရေကနိ၏အလယ်တွင် သာယာလှပစွာတည်ဆောက်ထားသည်။

ပတုန်းရောင်နက်မှောင်နေသောဆံနွယ်ကိုထုံး၍
ဆံနွယ်တစ်ချို့ကိုဖြန့်ချထားပြီး ဆံထုံးထက်ရွှေအနားကွပ်ထားသောနီသွေးရောင်ပုလဲဆံထိုးကို ဆံမြန်းထားသည်။

ဝမ်ရှိုးယွဲ့ တို့လာရာလမ်းဘက် ကျောပြင်ခိုင်းထားသော. ပိုင်ထင်းရိ၏ ကျယ်ပြန့်လှတဲ့ပုခုံးကျယ် ခါးထိရှည်တဲ့ဆံနွယ်က လေပြေသဲ့သဲ့လေးတိုက်လိုက်တိုင်း ယိမ်းနွဲ့လို့နေသည်။

" ဝမ်ရှိုးယွဲ့ ရောက်လာပါပြီ."

ချွင်းရှောက်ဖန် ဝမ်ရှိုးယွဲ့ ကို ခေါင်းညိမ့်ပြတော့
ရှိုးယွဲ့ ကိုသွားနိုင်လို့ ပြောတာသဘောပေါက်လိုက်သည်။

ရှေ့သို့ဖြေးဖြေးလေးတိုးကပ်ကာ. နောက်ကနေတောင်ကြည့်ကောင်းလှတဲ့.ပိုင်ထင်းရိဟာရှေ့ကနေကြည့်ရင်ရော ဘယ်လိုနေမလဲဆိုတာသိချင်လှသည်။

စာအုပ်တစ်အုပ်ကို စိတ်ဝင်စားစွာဖတ်နေသော ပိုင်ထင်းရိ ဝမ်ရှိုးယွဲ့ကိုလှည့်ပင်မကြည့်ပေ။

အတန်ငယ်ကြာသည်အထိပေါ့၊

".အဟမ်း..အဟွတ်. "

မနေနိုင်တော့ဘူး။ သူနောက်ကျောကိုကြည့်ပြီးထိုင်နေရတာ စိတ်သိပ်မရှည်နိုင်ပါ၊

  Vîllïañ's Wïšĥ ~ Arc[2]💜[3]💜[4]💜[5]Where stories live. Discover now