PART(2.1)

49.3K 1K 4
                                    

⭐💫⭐💫⭐

Zawgyi version🥀🥀

'' sys...host ရောက်ရှိနေသောနေရာမှာ တစ်ဘဝနဲ့တစ်ဘဝမကူးခင် ခေတ္တနားရန်နေရာရောက်နေတာပါ host ''

'' ဪ ငါ့ကို တစ်ခြားဘဝဆီပို့လိုက်ပြီထင်နေတာ "

" sys...host အဆင်သင့်ဖြစ်ရင် host သွားမယ့် ကမ္ဘာနဲ့ host ဝင်ရမယ့် မူလခန္ဓာကိုယ်ရဲ့မှတ်ဥာဏ်တွေကို ပို့ပေးပါတော့မယ်နော် ''

" အေးအေး ပို့လိုက် စိတ်လှုပ်ရှားလိုက်တာ.. မြန်မြန် "

[ ကမ္ဘာလောကကြီးမှာ မကောင်းဆိုးဝါး မိစ္ဆာ တစ္စေတွေရဲ့ အားကောင်းလာမှုကြောင့် သက်ရှိမျိုးနွယ်စု အားလုံး ထိတ်လန့်ပူပန်နေကြရလေသည်..
တိုင်းပြည်အသီးသီးတွင် နေထိုင်ကြသော ပြည်သူပြည်သား အားလုံးသာမက ရှင်ဘုရင် မှူးမတ် ရာဇာ များပါ စိုးရိမ်ထိတ်လန့်နေကြရသည်..သို့ကြောင့်.
တိုင်းပြည်အသီးသီးတွင် ရဲမက်ဗိုလ်ပါများ ပုရောဟိတ်များ အဂ္ဂိရတ်ပညာရှင်များသာမက မကောင်းဆိုးဝါးများအား ရင်ဆိုင်နှိမ်နင်းရန် ကျွမ်းကျင်ပုဂ္ဂိုလ်များလည်းလိုအပ်လာသည်.

တိုင်းပြည်အရပ်ရပ်က မင်းညီ မင်းသားများ မင်းသမီးများ မည်သူမဆို မိစ္ဆာများကို နှိမ်နင်းရန်အတတ်ပညာများကို သန့်စင် သူတော်ဂိုဏ်းများအသီးသီးတွင်တက်ရောက်သင်ကြားရန် ကမ်းလှမ်းလာကြသည်.

မူလ ဇာတ်လိုက်ဖြစ်သူ. ဘတ်ရှန်းမင် မှာ
ပျန်မင်တိုင်းပြည်ရဲ့မင်းသမီးတစ်ပါးဖြစ်ပြီး. လေါကကြီးရဲ့.အလှတရားမှန်သမျှသူ့ကိုပဲပေးထားသလားပင်ထင်ရမည်. မျက်ဝန်းမျက်စံတို့မှာ မြင်သမျှသူကို မူးရစ်စေလောက်အောင်လှရက်လွန်းလှလေသည်..
တိုင်းတစ်ပါးမှ ရှင်ဘုရင် မင်းသားများ၏ အနုညွှတ်ကမ်းလှမ်းမှုကို ခံနေရသော လောက၏ အလှသရဖူမင်းသမီးလေးပင်ဖြစ်သည်..စိတ်ထားအင်မတန် နူးညံ့သူဟု အများကသမုတ်ကြလေသည်.
လိုလေသေးမရှိအောင် နေထိုင်ရသောကြောင့် စိတ်အလိုမကျမှုသည်လည်း သူ့ထံတွင် မရှိသလောက်ရှားပါးလွန်းပေသည်..

တိုက်ရေးခိုက်ရေး ဂီတ ချက်ပြုတ်ဖွယ်ရာများကိုလည်း သင်ကြားထားသူဖြစ်လေသည်..သူမတူအောင်ပြည့်စုံလွန်း၍
တိုင်းပြည်အရေး မိစ္ဆာလောကကို နှိမ်နင်းရန် အတတ်ပညာသင်ရန်... ကျင့်ကြံခြင်းလောကတွင် ပြိုင်စံရှား ထူးချွန်သူများပေါများလှပါတယ်ဆိုတဲ့. ' ကုံ့ယွီ့နန့်တောင်. ကုံ့လျန်းဂိုဏ်းတွင် ပညာသင်ရန် ကုံ့လျန်းဂိုဏ်းချုပ်ဆီသို့ ခွင့်ပန်တောင်းပြီး ပညာသင်စေသည်...

  Vîllïañ's Wïšĥ ~ Arc[2]💜[3]💜[4]💜[5]Where stories live. Discover now