PART [3.5]

13.9K 783 8
                                    

✡ Zawgyi ✡
💙💙💙

ဟွားမေလျန်း ဘတ်စ် ကားနဲ့ပဲကျောင်းသို့လာခဲ့သည်။
ကျောင်းရှေ့မှတ်တိုင်ရောက်တော့ဆင်းလိုက်တာနဲ့ တစ်ခြားကျောင်းသားတွေက မေလျန်းကိုကြည့်တော့တာပဲ
ခါတိုင်းက ကားအကောင်းစားကြီးစီးပြီးလာတဲ့သူက ခု ဘတ်စ်ကားနဲ့ ဘာလို့လဲဟု အမျိုးမျိုးတီးတိုးပြောနေကြသည်။

!ကြည့်မနေကြနဲ့ နောက်လဲ ဘတ်စ်ကားပဲတိုးစီးမှာ ကြာရင်မားမားတွက်မကောင်းဘူး!

ကိုယ်ဘာသာကို ခပ်တည်တည်ပဲ ကျောင်းထဲဝင်မည်အလုပ်
' လုယုံ ' ပြန်လန် ​နေတဲ့ကားအနက်ကြီး ထဲကထွက်လာတယ်

!လုယုံက မချမ်းသာဘူးမဟုတ်လား.ခုက!

sys..''ဟုတ်ပါတယ် လုယုံမှာ.လျှို့ဝှက်ချက်ရှိတယ် "

!ဟေ..ပြောပြ ပြောပြပါ !

sys...''host ဘာသာ ဖော်ထုတ်ရမှာလေ host သာ.တစ်ခြားသူရဲ့ လျှို့ဝှက်ချက်တို့ သာမန်ဇာတ်ကောင်လေးတွေရဲ့ activity တွေကို ပေါ်လွက်စေတာတို့ဆို point တွေရနိုင်တယ်လေ"

!အဲ့လိုလဲ ရှိတယ်ပေါ့. okay..
လုယုံ ကဘာလည်း?!

မေလျန်း မမြင်ချက်ယောင်ဆောင်ကာ နည်းနည်းလောက် ချောင်းကြည့်လိုက်ကာ.ကားအရှေ့ကလူက driver ဖြစ်ဟန်တူတယ်.အနောက်က လုယုံဘေးကနေလိုက်လာတဲ့သူကတော့.မျက်နှာခပ်တည်တည်နှင့် လူဂုဏ်တန်အသိုင်းဝိုင်းကလူပဲ. သေချာတာက အဲ့ကားပိုင်ရှင်ပဲ လုယုံရဲ့အစ်ကိုလား.?

လှည့်ကြည့်လှည့်ကြည့်နဲ့ စပ်စုနေလိုက်ပြီး ကျောင်းဝန်းထဲရောက်တော့. ယိရှီနဲ့ ဖီဖီ (ကျောင်းလွိဖီဖီ)
ရပ်နေတာကိုတွေ့လို့ လက်ပြလိုက်ပြီး
အိနြေ္ဒရှိရှိနဲ့ပဲ ပြေးသွားလိုက်ပြီး

''ဟေ့ စောစောရောက်နေကြတာပဲနော် "

ဖီဖီ

"ဟမ်. ကျောင်းတက်ချိန်ရောက်ဖို့ 5မိနစ်အလိုပဲကျန်တော့တယ်လေ နင်နောက်ကျနေတာ"

  Vîllïañ's Wïšĥ ~ Arc[2]💜[3]💜[4]💜[5]Where stories live. Discover now