PART[5.6]

6.2K 421 23
                                    

(Zawgyi)

☪🖤☪🖤☪

ပြဇာတ်ကောင်းတော့မောင်မင်းကြီးသားများမနေနိုင်

ငြိမ်ကုပ်၍ကလေးလေးသဖွယ်လိုက်ပါလာသေ ဝမ်ရှိုးယွဲ့ ၏အမူအယာမှာ အင်မတန်သိမ်မွေ့လှလေသည်။
အပြင်မထွက်ရတာကြာနေပြီမို့ ပတ်ဝန်းကျင်မှလူများ၏ လှုပ်ရှားပုံကိုငေးကြည့်ကာ အံ့သြနေသော ကောင်မလေးဟု ပိုင်ထင်းရိမှင်သက်မိနေသည်။

!.ဟိုခွေးကောင်လေးက ဒီလောက်ကြီးတဲ့မုန့်ကို မြိုနေတာ.မြိုနေတာ ကောင်းမယ့်ပုံပဲ
ဟော.ဟိုမိန်းကလေးတစ်စုက.ငါတို့ဝေါယာဉ်ကိုကြည့်နေပါလား..
ဟိုသောက်ကျင့်မကောင်းတဲ့.ပိုင်ထင်းရိ ကို ကြည့်နေတာ..ရုပ်ကတော့မဆိုးပါဘူး
စိတ်ဓာတ်က အောက်တန်းစားဟဲ့.ကောင်မတွေရဲ့ငေးမနေနဲ့ ဟင်း.. !

ဝေါယာဉ်ပေါ်မှ ဆင်းလာသော ပိုင်ထင်းရိ ကိုကြည့်၍ ကြိုဆိုနေသော.ဘုရင်ရှောင်ဟွေ့ရွှမ်း.
ဝမ်ရှိုးယွဲ့ ဆင်းလာတာတွေ့တော့ မျက်လုံးကိုပင့်ကြည့်လာတယ်။

!.အိုး...ဒီဇာတ်ကော်တွေက ရှယ်ချောပဲ
ဘယ်လိုတောင် ကြည့်ကောင်းနေရတာလဲ
အင်း...သူတို့နှစ်ယောက်ကတော့ ပိုတယ်.
ဘယ်သူပိုချောလဲ..
အင်း...သေချာ..ကြည့်ရင်.
ပိုင်ထင်းရိက. gentlemen
ရှောင်ဟွေ့ရွှမ်းက..ချောတယ်.ဖြောင့်တယ်..!

" ဦးရီးတော်ကို မျှော်နေတာ. ကျန်းမာပါရဲ့လား "

". အရှင်မင်းကြီးရဲ့ ဂရုဏာကြောင့် သာကြောင်းပါ."
အချောလေးတွေရဲ့
အဖတ်လုပ်ခြင်းမခံရသော ဝမ်ရှိုးယွဲ့ အတွက်မျက်ရည်တစ်စက်.

"အရှင်မင်းကြီးကို ရှိုးယွဲ့ ဂါဝရပြုပါတယ်."

ယဉ်ကျေးလှစွာ အပြုံးပန်းဆင်၍ နှုတ်ခွန်းချိုသာလိုက်လေသော စိတ်ထင်တိုင်းဝုန်းတိုင်းကြဲတတ်သည့် တစ်ချိန်က ဝမ်ရှိုးယွဲ့ မှဟုတ်ရဲ့လားဟု.ထင်မိသည်။

ချစ်သူဖြစ်ခဲ့ဖူးသော်လည်း အကြောင်းကိစ္စကြောင့်တွဲခဲ့တာမို့ ဘယ်လိုမှမနေသော်လည်း.မင်းသမီးတစ်လက်ဖြစ်သော်ငြား မာနထောင်လွှားတတ်ကာ အနိုင်ကျင့်လွန်းသည့်အပြုမူကို သည်းခံခဲ့ရဖူးသည်။

  Vîllïañ's Wïšĥ ~ Arc[2]💜[3]💜[4]💜[5]Where stories live. Discover now