PART [5.8]

6.2K 427 24
                                    

(Zawgyi)

ချိုမြိန်မှု၏

🌸☪🌸☪🌸

ချိုမြိန်သာယာ ငြိမ့်ညောင်းလှသော တေးသံသာနှင့် လေပြေညင်း သွယ့်သွယ့်လေးက ကြာပန်းနီနီလေးများကို ကလူကျီစယ်နေသည်။

ရွှေဝါရောင် ပုဝါလိုက်ကာလေးတွေနှင့် အဝေး
ကြာပန်းနီနီလေးများဆီသို့ မျက်နှာမူကာ
လရောင်လင်းဖြာထင်ဟပ်နေသော ကန်ရေပြင်အေးအေးလေးသို့ ဖြူဖွေးနုနယ်လှသော ခြေချောင်းလေးတွေကို ရေပြင်ထဲ နှစ်လိုက် ဖော်လိုက်နှင့်။..
ပန်းနုရောင် နှုတ်ခမ်းပါးလေးမှ နုနယ်လှသည့်.အပြုံးနှင့် တစ်သားတည်း..
ဗျတ်စောင်းလေးအားတီးခတ်နေမိသူ။

လေပြေအေးအေးလေးနှင့် လရောင်နွေးနွေးလေးက
လှပတဲ့ ဒီတစ်ညတာကို ဖော်ဆောင်နေပြီမို့

ဝမ်ရယ် ပိုင်ထင်းရိ လေညင်းလေးခံကာ လမ်းမလျှောက်ပဲ မနေနိုင်ပါ။

ထိုစဉ် နားဝင်ချိုသာလှသည့်...".သည်တေးသံသာ..
နွေဦးရဲ့ လမင်းတစ်ညတာမှာ
ဘယ်ဆီမှ လေပြေညှင်းလေး.
သယ်ဆောင်ယူသလား  ဗျာ "

ကဗျာတစ်ပုဒ်ဆက်ဆိုလိုက်သော ပိုင်ထင်းရိအား
ချွင်းရှောက်ဖန် ပြုံးယောင်ကာ..

". သည်လေပြေညင်း၏.ရနံ့သာ.
ဟို တောင်ဘက်နန်းဆီက
ကြာပန်းနီနီ တိုးကပ်လို့ သွေး. "

တောင်ဘက်နန်း..?
ကြာပန်းနီများ ဖူးပွင့်စေကာ အပန်းဖြေနားနေဆောင် ဆောက်ထားသော ကြာပန်းနီကန်၏ အလယ်ကလား။

ပိုင်ထင်းရိ..."ထိုနန်းဆောင်မှာ.?"

လင်းရှောက်ဖန်.. " ဟို.ဝမ်အမျိုးသမီးကို ဝမ်ရယ်ပဲ.နေခိုင်းစေပြီးတော့.
သူတီးတာ နေမှာပေါ့.."

ထိုစကားကို ကြားမှ ပိုင်ထင်းရိ ဝမ်ရှိုးယွဲ့ ကို ပေးနေထားတာသတိရသည်။
..

အိမ်တော်၏
တောင်ဘက်ဆီသို့ အလိုလို ငေးမျှော်မိသွားသည်။
ကြာပန်းရနံ့များ သင်းပျံ့လာသလိုလို..
တကယ်တော့ စိတ်ထဲကထင်နေခြင်းပင်။

  Vîllïañ's Wïšĥ ~ Arc[2]💜[3]💜[4]💜[5]Where stories live. Discover now