🍭 CL-9 🍭

1.3K 92 1
                                    

ဟောက်ရွှမ်းရဲ့အိမ်ကိုလိုက်ကြည့်ကြပေမဲ့လည်း
ခြံစောင့်ကတံခါးတောင်မဖွင့်ပေးချေ...။

" ရိပေါ် ဘယ်လိုလုပ်ကြမလဲ..."

မျက်၀န်းအိမ်ထဲမှာမျက်ရည်တို့အပြည့်ဖြင့်လှည့်လာကာမေးခွန်းထုတ်တဲ့ကျိရန်...
ဘယ်လိုလုပ်ရမှာလဲ ..ဖုန်းခေါ်တော့လည်း
တပ်ဆင်ထားခြင်းမရှိပါသဖြင့်...အိမ်သွားတော့
လည်းဟောက်ရွှမ်းရဲ့အရိပ်ယောင်လေးတောင်မတွေ့ရ...ဘာကိစ္စများလဲ...ဘာအကြောင်းကြောင့်များလဲ..?

အတွေးထဲ၌မေးခွန်းများပလုံစီနေသော်လည်း
ကျိရန်ပုခုံးကိုအသာပုတ်ပေး၍ နှစ်သိမ့်ရသည်။

"ပြန်ကြရအောင်ကွာ.နော်ကျိရန်
ဟောက်ရွှမ်းမရှိဘူးထင်တယ် နောက်နေ့မှထပ်လာကြမယ်.."

"အင်း...နောက်နေ့မှထပ်လာကြရုံပေါ့"

ဖျော့တော့စွာ ကြည့်ကာ ခေါင်းညိမ့်ဖြေတဲ့့ကျိရန်ကိုကြည့်ကာရိပေါ်ရင်ထဲမကောင်းပေ...။ချစ်ရသူနဲ့​ေ၀းကွာခြင်း ..
ဆိုတဲ့ခံစားချက်ကိုလဲအဓိပ္ပါယ်ဖော်နေမိ၏။

ကျိရန်ကိုအိမ်ထိလိုက်ပို့လိုက်ပြီး...

" ရှောင်းလူကြီးမရှိဘူးလား ..."

"ဟုတ်ကဲ့အကိုလေးက၀ယ်စရာတွေရှိလို့အပြင်သွားပါတယ် ပြန်လာရင်ဘာများပြောပေးရမလဲ ."

"အော် ရပါတယ်.."

အိမ်ပြန်ရောက်တဲ့အထိစိတ်ထဲမှာမတင်မကျဖြစ်နေတာ...ဟောက်ရွှမ်းကိစ္စကြောင့်လား...
ရှောင်းလူကြီးလည်းထွက်သွားခဲ့ရင်ဆိုတဲ့
အတွေး၀င်လာတာကြောင့်လား...ကွဲကွဲပြားပြားမသိရတဲ့ အခြေနေ... အပေါ်ထပ်အကျီပြန်၀တ်ကာ စကိတ်လေးစီးရင်းလမ်းထိပ်ကmarketလေးဆီရောက်လာခဲ့ပြန်သည်။  ရောက်လာခဲ့တော့လည်းကိုယ်တွေ့ချင်တဲ့ ရှောင်းလူကြီးကမရှိဘူးတဲ့လား...

အပြန်လမ်း မှာစကိတ်လေးပိုက်ပြီး တောင်စဥ္ရေမရအတွေးပေါင်းစုံကို ဖြေရှင်းခန်းထုတ်ရင်း ဘေးမှာရပ်သွားတဲ့ကားတစ်စီးကြောင့် လှည့်ကြည့်မိသည်။ ရှောင်းလူကြီးကားနှင့်ဆင်သည်ကိုးး...

" ညီ ဒီကညိီနာမည်က ၀မ်ရိပေါ်နော်..."

ကားပေါ်ကဆင်းလာတာကရှောင်းလူကြီးမဟုတ်ဘဲသန့်သန့်ပြန့်ပြန့်၀တ်စားထားသည့်လူတစ်ဦး..

Candy love ( Completed )Where stories live. Discover now