🍭CL-11🍭

1.1K 84 1
                                    

"သားကျိရန် ဖုန်းလာနေတယ်"

ဧည့်ခန်းထဲကနေ လှမ်းသတိပေးသည့်ပါးကြောင့်မနက်စာအတွက်   ပြငိဆင်   ေနရာမှအပြေးထွက်လာခဲ့မိသည်။

မျှော်လင့်ချက်...သူများဖြစ်နေမလားဆိုတဲ့မျှော်လင့်ချက်နဲ့ ။

ဖုန်းကိုကိုင်ကာ ခြံထဲဆင်းလာခဲ့လိုက်သည်။ဖုန်းcontact nameကိုကြည့်တော့"unknown person"။

"ဟယ်လို ဟောက် ..ဟောက်ရွှမ်းလား "

"ငါ ရိပေါ် ပါ မင်းဟောက်ရွှမ်းဖုန်းကိုမျှော်နေတာလား"

သူဖြစ်နေပါစေဆိုတဲ့မျှော်လင့်ချက်လေးက ရိပေါ်ပါဆိုတဲ့
ဖြေသံအဆုံးမှာအသံတို့တိမ်ဝင်သွားခဲ့သည်။

"အာ..ဒီလိုပါဘဲ "

"သြော်..မင်းဆီဟောက်ရွှမ်းများအဆက်သွယ်လုပ်လားလို့လှမ်းမေးတာ ငါ့ဖုန်းကရေထဲကျ သွားလို့ ဖုန်းဆိုင်ပို့ထားရတယ် အဲ့ကြောင့်.."

"ငါ့ဆီလဲမဆက်သွယ်ဘူး ဖုန်းနံပါတ်စိမ်းဆိုတော့ ငါထင်တာ ဟောက်ရွှမ်းများလားလို့"

"ငါ့မားဖုန်းနဲ့ဆက်လိုက်တာ အဲ့တာသိချင်လို့ ဒီကောင်ကွာ ဘာမှမပြောမဆိုဘဲပျောက်သွားတယ်"

"အင်း..ရိပေါ် ငါပါးစားဖို့ ထမင်းပြင်ပေးရတော့မယ် မနက်  ဖြန်ကျောင်းမှာတွေ့ကြမယ်"

"သြော် အေးအေး ဒီနေ့ ေကာကျောင်းမလာဘူးလား"

"အင်း..ပါးကသိပ်နေမကောင်းသေးလို့ ဒါဘဲနော်ရိပေါ် ဝမ်မားကိုသတိရကြောင်းပြောလိုက်ပါအုန်း "

"အေးပါ ငါပြောလိုက်မယ် အရမ်းစိတ်ထိခိုက်မနေနဲ့နော် ငါစုံစမ်းပေးနေတယ်"

"အင်းပါ"

ရိပေါ်ဘက်က ဖုန်းကျသွားတဲ့အချိန်ထိ ဖုန်းကိုင်လျက်ပင်
မြက်ခင်းပြင်ကို ငေးနေမိသည်။ပါးပြင်ရဲ့စိုစွတ်မှုကိုလက်ဖြင့်ဖယ်ရှားရင်း အရဲစွန့်ကာ ဟောက်ရွှမ်းဆီစာပို့လိုက်မိသည်။

💌ငါ့ဆီကို စာတစ်ကြောင်း  လောကိ လေးဘဲဖြစ်ဖြစ် ပို့ပါဟောက်ရွှမ်း မင်းဘယ်ကိုရောက်ပြီးဘာတွေလုပ်နေတာလဲ
...ငါမင်းကိုလွမ်းတယ်။💌

Candy love ( Completed )Where stories live. Discover now