🍭CL -1🍭

5.5K 202 0
                                    

"ရိပေါ် ဒီနေ့ကောလိုက်မှာမလား "

"ဘယ်ကိုလဲ"

"​ေ-ာကို ဘယ်ကိုလဲ သိရဲ့သားနဲ့ ချီးလိုဘဲ"

"မင်းကလည်းအထူးဆန်းလုပ်ပြီးလာမေးမနေနဲ့လေ"

ဟောက်ရွှမ်းတစ်ယောက် ဆက်မပြောတော့ဘဲ ခေါင်းတခါခါဖြင့်သာ ...

​ထပ်ပြောလဲပါးစပ်ညောင်းတာဘဲအဖတ်တင်မှာ ​မေးမိတဲ့ပါးစပ် ချိီးဘဲ!

"ဆရာမ လာပြီ!!"

အတန်းခေါင်းဆောင်ကျိုးချန်ရဲ့သတိပေးတဲ့စကားအဆုံးမှာ ငြိမ်သက်သွားသည့်စာသင်ခန်းလေး

"ဒီနေ့မင်းတို့ရဲ့ အမှတ်စာရွက်တွေရပြီ"

ဆရာမရဲ့ပြောစကားအဆုံးမှာတော့  အာမေဋိတ်သံလေးတွေပလုံစီကုန်လေသည်။

အမှတ်စာရင်းဆိုတာ မျိုးက ရိေပါ်တို့နဲ့မပတ်သတ်သည့်အလားအေးရာအေးကြောင်းပင် ဘောင်းဘီအိတ်ကပ်ထဲမှ ချိုချဥ္လေးတစ်လုံးကိုတောင် ဖောက်စားနေလေသည်။

"ကျိုးချန် အမှတ်စာရွက်တွေ​ေ၀ပေးလိုက်"

"ဟုတ်"

လက်ထဲသို့ရောက်လာသည့်အမှတ်စာရွက်ကို အထူးတလည်ကြည့်မနေတော့ဘဲလွယ်အိတ်ထဲသို့ပင်ခေါက်ထည့်လိုက် သည်။

" ရိပေါ်မကြည့်ဘူးလား အမှတ်"

"အင်း"

"ကဲ ကဲ အမှတ်တွေကြည့်ပြီးရင်လိုအပ်တာကို ပိုပြီးဂရုစိုက်လုပ်ကြ ဒီနေ့ဒီလာက်ဘဲ "

"ဟုတ်!!!"

ဆရာမထွက်သွားပြီးရိပေါ်တို့နစ်ယောက်နားရောက်လာသည့် ကျိရန်

"ဟောက်ရွှမ်း အခြေနေ"

"ကျတယ် "

"ကျပြန်ပြီလားကွာ "

"ငါလည်းကျချင်မလားကွ  စာတွေကခက်တာကို"

"စာမလုပ်ရင်မလုပ်ဘူးပြော sportပေးထားတွေကျက်ဖြေရင်ကို အောင်တယ် ရိပေါ်ကော"

ဟောက်ရွှမ်းကိုပြောပြီးနောက်ရိပေါ်ဘက်လှည့်လာသည့်ကျိရန်

"မကြည့်တော့ပါဘူး ဟောက်ရွှမ်းကျတယ်မလား"

"အေးလေ ဟောက်ရွှမ်းကျတာနဲ့ မင်းနဲ့ဘာဆိုင်လို့လဲ "

Candy love ( Completed )Dove le storie prendono vita. Scoprilo ora