🍭 CL-14 🍭

1.1K 85 2
                                    

"အဲလစ် "

"ကိုကို!"

ရိပေါ် ကျောင်းတွေပိတ်ထားတဲ့အချိန် ညနေတိုင်း ကလေးတွေကစားတဲ့ပန်းခြံလေးဆီရောက်သည်။အဲလစ်ဆိုတဲ့ကလေးမလေးနဲ့ သူငယ်ချင်းလိုတောင်ဖြစ်နေပြီ။နေ့တိုင်း အဲလစ်က ကိုကိုအတွက်ဆိုပြီးချိုချဥ်တစ်လုံးစီပေးသည်။

အခုလဲ လျှောစီးနေရာကနေ သူ့ကိုမြင်တော့ ေပြးလာတယ်။
ငုတ်တုတ်ထိုင်လိုက်ပြီးလက်ဆန့်ပေးထားတော့ ရင်ခွင်ထဲပြေးဝင်လာသည်။သူ့အရပ်လေးနဲ့ကွက်တိ။ပြီးရင် မျက်လုံးတွေမှေးတဲ့ထိရယ်ပြပြီး ချိုချဥ်ထုတ်ပေးတယ်။

လက်ဖြန့်ပေးလိုက်တာနဲ့လက်ထဲကို ချိုချဥ်လေးရောက်ရောက်လာတာကိုရိပေါ်သဘောတွေ့နေမိသည်။အရင်လိုဘဲလက်ဖြန့်ပေးမိတော့ အဲလစ်က ဟိုကြည့်ဒီကြည့်လုပ်ပြီး ခေါင်းယမ်းပြသည်။

"ဘာလို့လဲအဲလစ် ကိုကိုအတွက်ဒီနေ့ချိုချဥ်မပါဘူးလား"

ဆံပင်လေးကိုအမြဲခွဲစည်းတတ်တဲ့ ကလေးမလေးကဒီနေ့တော့ ဆံပင်လေးကိုထုံးထားသည်။ငယ်သေးတဲ့အရွယ်လေးမို့လားမသိ လူ ကြီးဆန်ဆန်လေးလုပ်ထားတာတောင် အလွန်ချစ်ဖို့ကောင်းသည်။အဲလစ်ပါးလေးကို ရိပေါ်အသာဆွဲညှစ်သည်။

"အွန့် ကိုကိုအတွက်ချိုချဥ်မရောက်သေးဘူး"

"ဘယ်လို သြော် အဲလစ်မုန့်ဖိုးမရှိလို့မဝယ်ခဲ့တာလား"

"အဲတာက ဟုတ်ဘူး"

လက်လေးတွေကိုလိမ်နေတဲ့ သူမက တစ်ခုခုကိုဖုံးကွယ်ထားသလိုလို။ရိပေါ်ပြုံးလိုက်ပြီး လက်သေးသေးလေးတွေကိုပွတ်ကာ

"ဒါဆိုဒီနေ့ကိုကိုကပြန်ဝယ်ကျွေးမယ် ဟုတ်ပြီလား"

အဲလစ်မျက်နှာလေးက ပြုံးယောင်သမ်းလာသည်။

"တကယ်လားကိုကို"

"တကယ်ပေါ့ ဆော့နေနော် ကိုကိုသွားဝယ်ခဲ့မယ်"

"ဟုတ် "

ဆော့နေတဲ့နေရာဆီပြန်ပြေးသွားတဲ့ အဲလစ်ကိုကြည့်ရင်း ရိပေါ်တစ်စုံတစ်ယောက်ကို သတိရမိပြန်သည်။''Bunny´´ဆိုတာ ငယ်ငယ်လေးက မေ့မရခဲ့တဲ့နာမ်စားလေးတစ်ခု။အချစ်လားမသဲကွဲတဲ့ ခံစားချက်နဲ့ တစ်ကြိမ်တစ်ခါဘဲဆုံဖူးတဲ့ သူကို
အစွဲလမ်းကြီးမိပါသည်။အချစ်ဆိုတဲ့ဒီလိုပါလားဆိုတာကိုသိလာတဲ့အရွယ်မှာ ရှောင်းကျန့်ဆိုတဲ့လူကိုထပ်စွဲလမ်းမိနေပြန်ပြီ။

Candy love ( Completed )Where stories live. Discover now