🍭CL -17🍭

1.1K 81 10
                                    

အဲလစ်ဆော့တာထိုင်ကြည့်နေတုန်း ဝင်လာတဲ့ဖုန်းcallလေးကြောင့် ရိပေါ်ပြုံးလိုက်မိသည်။Contact name မှာ''Bunny ❤´´ဆိုပြီး အသည်းပုံအနီလေးနဲ့နာမ်စား
လေးကအထင်သားမလား။ ကိုင်လိုက်တာနဲ့ တန်းမေးလာတဲ့မေးခွန်းကြောင့်ပြုံးမိပြန်ပါသည်။

"ကလေးဘယ်မှာလဲ"

"ပန်းခြံမှာလေ "

"ကိုယ်နဲ့အတူတူသွားပါမယ်ဆိုကွာ"

အချိန်တွေကအကုန်မြန်လွန်းသည်။တစ်နေ့တာကို သူနဲ့စတင်ပြီးသူနဲ့အဆုံးသတ်ရတာကို ကျေနပ်မိပါသည်။ဒီရက်ပိုင်းအလုပ်ကိစ္စရှုပ်နေတာကြောင့် တစ်ယောက်တည်းပန်းခြံကိုစောထွက်လာမိတိုင်း အခုလိုဆူပူသလိုလေးခံရတတ်သည်။ချစ်သူတွေဖြစ်တာ ကြာလာတာနဲ့အမျှ Bunnyက အဘိုးအိုလေးလို အစစအရာရာစိုးရိမ်တတ်လာပါသည်။

"ရော်..အလုပ်မအားသေးဘူးထင်လို့ ထွက်လာလိုက်တာပါ ပြီးတော့အဲလစ်ကိုအရုပ်လေးပေးချင်လို့ "

"အင်း ဟုတ်ပြီကိုယ်အခုလာမယ်ဘယ်မှမသွားနဲ့နော်"

"အင်းပါ "

ကျသွားတဲ့ဖုန်းလေးကိူကြည့်ရင်း ရင်ထဲမှာကြည်နူးရိပ်လှိုင်းလေးတွေဂယက်ထလို့နေသည်။သူ့လူကြီးက ခုလိုဘဲ စိတ်ပူတတ်သေးတယ်။ကလေးမဟုတ်တော့တဲ့ရိပေါ်အရွယ်ကို ကလေးဆိုတဲ့နာမ်စားကိုပါးစပ်ကမချသလိုထမင်းစားရေသောက်ကအစ အိမ်သာသွားတာအဆုံးလိုက်လုပ်ပေးချင်တာမို့ မနည်းတားယူရတဲ့အထိ။

အဲလစ်ကိုပေးဖို့ဝယ်လာတဲ့ ယုန်ရုပ်လေးကိုကြည့်ပြီး ပြုံးလိူက်ကာ အဲလစ်ရှိရာကိုသာအကြည့်ပို့နေလိုက်တယ်။အဲလစ်က ဆော့နေရာကနေ မြင်တာနဲ့ တန်းပြေးလာသည်။ဒီကလေးမလေးက သူတို့ရဲ့ အောင်သွယ်တော်လေးဆိုလဲမမှားပေ။
လက်ထဲကအရုပ်ကိုမြင်တော့ ပါးစပ်လေးပင်မစိနိုင်တော့။

"ကိုကို အဲလစ်ဖို့လား"

"ဒါပေါ့ အဲလစ်ရဲ့ကိုကို အရုပ်ပေးမယ်ပြောထားဖူးတာမှတ်မိလား"

"ဟုတ် မှတ်မိတယ် ကိုကိုရှောင်းကျန့်နာမည်ပြောပြတုန်းက"

"အဲလစ်က ဉာဏ်ကောင်းလိုက်တာ"

ဒီကလေးမက ဉာဏ်လဲကောင်းသလို စကားပြောရင်တစ်ခါတစ်လေ လူကြီးဆန်လာတတ်သည်။ညီမလေးတစ်ယောက်လိုဖြစ်လာတဲ့အဲလစ်က တစ်ခါတစ်လေ ရိပေါ်ကို ကျိတ်"ကျိတ်"နဲ့ Bunnyအတင်းကိုလဲပြောတတ်ပါသေးတယ်။

Candy love ( Completed )Where stories live. Discover now