🍭CL -18🍭

1K 76 4
                                    

"ကလေး..!"

ကျောင်းရှေ့မှာရပ်နေတဲ့ ရှောင်းကျန့်ကသူ့ကလေးလေးကိုမြင်တာနဲ့လက်ပြကာ အော်ခေါ်သည်။သူ့ကလေးလေးကထုံးစံအတိုင်းပြေးလာတယ်။နောက်က ကျိရန်ဆိုတဲ့ကောင်လေးကလဲ ထပ်ကြပ်မကွာပြေးလိုက်လာတယ်။

"Bunny နောက်ကျမယ်ထင်နေတာ နေ့လည်က ဖုန်ဆက်တော့ အလုပ်များလို့နောက်ကျမယ်ဆို"

နေ့တိုင်းအကြိုအပို့မပျက်တဲ့ Bunny က ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်လဲ။ရိပေါ်ဆိုင်ကယ်လေးကတော့
ဂိုဒင်ထဲမှာဖုန်လေးတွေနဲ့။
(ယူတို့ကော အဲ့လို ဘဲ ကြီးရှိလို့လား ငဲငဲ 😖)

ရှောင်းကျန့်က သူ့ကလေးလေးခေါင်းလေးကို ပွတ်သပ်နေရင်း

"ကိုယ့်ကလေးမျက်နှာလေးကို တစ်စက္ကန့်တောင်နောက်ကျပြီးမကြည့်ဘဲမနေနိုင်ဘူး အရမ်းလွမ်းတာနဲ့ ကိုယ်က အလုပ်တွေသိမ်းကျုံးလုပ်လာတာ"

ရိပေါ်က သူ့Bunnyကို သနားပါတယ်ဆိုတဲ့မျက်ဝန်းလေးတွေနဲ့ကြည့်ပြီး ရင်ခွင်ထဲတိုးဝင်ကာချွဲတယ်။

"Bunny ကတော်လိုက်တာ"

"ဘယ်သူ့Bunnyမလို့လဲ"

ရင်ခွင်ထဲတိုးဝင်လာပြီး ချွဲနေတဲ့သူ့ကလေးပေါက်လေးကို ဖျစ်ညှစ်လိုက်ချင်ပါသည်။

"ကလေးရဲ့Bunny"

"ပြွတ်~"
ဒီလောက်ချစ်ဖို့ကလေးလေးကို ဆုချတဲ့အနေနဲ့  နှုတ်ခမ်းဖူးလေးကို ဆွဲနမ်းလိုက်တယ်။

"အဟွတ် !"

ဘေးကရပ်နေတဲ့လူမှ အားမနာ မိုးမ မြင် လေမမြင် အနမ်းခြွေနေတဲ့ အတွဲကြောင့် ကျိရန်မှာ လုပ်ချောင်းဟန့်ရင်း တကယ်သီးသွားခြင်း။ကျိရန်ရဲ့အသံကြားမှ ရိပေါ်ကထုံးစံအတိုင်းမျက်နှာလေးရဲနေပြန်သည်။ ရှောင်းကျန့်ကတော့ ပြုံးမြဲ ပြုံးဆဲ။

"ညီအိမ်ကိုဂရုစိုက်ပြန်နော်"

"ဟုတ်ကဲ့ အကိုရှောင်းကျန့်လဲ လုပ်စရာရှိတာဆက်လုပ်.. အဲဟုတ်ပါဘူး ဂရုစိုက်ပြန်ပါ"

ကျိရန်ရဲ့စကားအမှားကို ရှောင်းကျန့်က ရယ်သော်လည်း ရိပေါ်တစ်ယောက် ခရမ်းချဥ်သီးမျက်နှာလေးဖြစ်လို့နေပြီ။

Candy love ( Completed )Where stories live. Discover now