🍭 CL - 5 🍭

1.6K 113 0
                                    

"ကျိရန် !!စုံကျိရန်"

ကျိရန်တို့အိမ်​ေရှ့၌အသံပြဲလေးနဲ့အော်နေရှာတဲ့ဟောက်ရွှမ်း

ရိပေါ်ကတော့ ချိုချဥ္လေးဖောက်စားပြီး စတိုင်လ် ကျကျလေးဆိုင်ကယ်ကိုမှီရပ်နေရှာတယ်...

"လဒ ခေါ်ကူအုန်း ငါလဲလိပ်ခေါင်းထွက်ဖို့ယဲ့ယဲ့ဘဲကျန်တယ်"

ဟောက်ရွှမ်းဆီမှမျက်စောင်းနှင့်ဆူပူသံကိုကြားပြီးနောက် ...

"ဟယ်လို ကျိရန် မင်းဘယ်မှာလဲ"

"......"

"အော် ဟုပြီအခုဘဲလာခဲ့မယ် ကျိရန်"

ဖုန်းချပြီးမှဟောက်ရွှမ်းဘက်လှည့်ကာတုံးလိုက်လေခြင်းဆိုသည့်အထာဖြင့်ကြည့်လိုက်သည်။

ဟောက်ရွှမ်းကလည်းခေါင်းလေးကုပ်ကာ အရှက်ပြေလေးပြုံးရင်း

"အစကတည်းက အိမ်မှာလူမရှိတာများလားလို့ထင်မိသား အဟဲ ကျိရန်ကဘာတဲ့လဲ"

"ဆေးရုံမယ်တဲ့ "

"ဟင် !"

.....................................

ရိပေါ်တို့ရောက်နေတာက ချန်ချင်း ဆေးရုံကိုပင်...

"ကျိရန် "

ခွဲစိတ်ခန်းရှေ့၌စောင့်နေသောကျိရန် လက်လေးနှစ်ဖက်ကိုလဲယှက်သွယ်ထားပြီး စိုးရိမ်နေပုံပင်...

"ရိပေါ် ဟောက်ရွှမ်း"

"ဘယ်လိုလဲ အခြေနေက "

"ခွဲစိတ်တုန်းဘဲ ရိပေါ်"

"အေ့ပါအဆင်ပြေမှာပါစိတ်​ေလျှာ့ထား"

"အင်း"

ကျိရန်ပုခုံးကိုပုတ်ကာနစ်သိမ့်ပေးလိုက်သည်။

"ကျိရန်ဘာစားပြီးပြီလဲ မင်းကြည့်ရတာအားနည်းနေသလိုဘဲ "

"မစားရသေးပါဘူးကွာ မနေ့ညကဟောက်ရွှမ်းကိုအိမ်ပြန်ပို့ပြီး ပြန်ရောက်တော့ပါးသတိလစ်နေတာတွေ့ရတာ
ညကတည်းက ရောက်နေတာခုထိဘဲ"

"ကျိရန်ရာဖုန်းဆက်ရောပေါ့ငါတို့ကို"

"ငါလဲထူပူနေတာနဲ့ဘာမှအမှတ်မရဘူးပါ
ဟောက်ရွှမ်းရာ"

Candy love ( Completed )Where stories live. Discover now