🍭 CL-8 🍭

1.3K 92 0
                                    

"အင်းး" ဟိုလိမ့်ဒီလိမ့်ဖြင့်ရောက်တတ်ရာရာတွေးတော
ရင်း မှေးခနဲ့အိပ်ပျော်သွားတာ အနံ့တစ်ခုရဲ့စွဲဆောင်မှုကြောင့်ပျင်းကြောဆန့်ကာညည်းညူလျက်နိုးလာရသည်။

နာရီလှမ်းကြည့်တော့၆နာရီပင်ထိုးတော့မည် ။
နှာခေါင်းထဲဆက်လက်တိုး၀င်လာတဲ့အနံ့တစ်ခု

အင်းးဘာတွေချက်နေတာလဲ မသိဘူး ခုထိတောင်မပြန်သေးဘူးဘဲ ...

ဗိုက်ကလဲဆာနေတာကြောင့် မီးဖိုခန်းရှိရာသို့ပင်သွားလိုက်ရသည်။မီးဖိုခန်းထဲတန်းမ၀င်ဘဲတံခါးဘက်ကိုကျောပေးကာချက်ပြုတ်နေတဲ့ရှောင်းလူကြီးကိုရပ်ကြည့်နေလိုက်သည်။

ဒီလိုမျိုးတွေလည်းရတာဘဲလား အဟက်! နောက်ကျောဘက်ကကြည့်နေတာကိုထိုလူကြီးရဲ့ချောမောမှုကလျော့ရဲမနေ ...ပြီးပြည့်စုံပြီးအားကိုးချင်စရာဒီဇိုင်းပင် ...အမ် ၀မ်ရိပေါ်အိပ်ချင်မူးတူးနဲ့ပတ်တွေးပြန်ပြီ!!!ချီးး

"ကောင်လေး နိုးလာပြီလား "

အတွေးထဲမျောနေစဥ္ရုတ်တရပ်လှည့်ကာမေးလိုက်သည်ကြောင့်လန့်သွားတာတော့အမှန်ပင် ...
သူခိုးလူမိဖြစ်သွားမျိုး! ကိုယ့်အိမ်ကိုယ်နေပြီးလန့်နေရတဲ့ဘ၀ လွယ်ကူမနေပါ့လား!!

"အာ အင်း " မီးဖိုချောင်ထဲသို့ခုမှရောက်လာသလိုပုံစံဖြင့်
ခပ်တည်တည်ပင်၀င်လိုက်ကာ ပြန်ဖြေလိုက်သည်။

"မားတို့ပြန်မရောက်သေးဘူးလား "

"အင်း စောနကဖုန်းဆက်တယ် ညစာစားပြီးမှပြန်လာကြမှာ"

"အော် "

အပြင်ဘက်တွင်အော်ဟု​သာပြောနိုင်လေသည်။စိတ်ထဲ၌တော့ မားတို့ပြန်လာသည်ထိရှောင်းလူကြီးမရှိနေစေရန်ဆုတောင်းလျက်ပေါ့။

"ကောင်လေး ခေါက်ဆွဲပြုတ်ရပြီစားတော့မလား "

"ဟင် ခေါက်ဆွဲပြုတ်"

စောနကအနံ့ကခေါက်ဆွဲပြုတ်အနံ့မဟုတ်တာသေချာပါတယ်အနံ့ခံအာရုံများချို့ယွင်းနေသလား

"အင်း စားတော့မလား "

" စောနကအနံ့က ..."
စကားပင်ဆုံးအောင်မပြောလိုက်ရ ဂုတ်ပိုးလေးပွတ်ကာရယ်ကျဲကျဲလေးဖြင့်ရှင်းပြ
လာသည်။

Candy love ( Completed )Where stories live. Discover now