🍭 CL_2 🍭

2.5K 161 0
                                    

"ရိပေါ်!!"

အတန်းထဲပင်လူကမရောက်သေး အသံကအရင်ရောက်လာသည့် ဟောက်ရွှမ်း

"ရိပေါ် မနေ့ကဆူခံထိသေးလား"

"အင်း"

"အင်း"တစ်လုံးသာပြောကာခုံပေါ်ခေါင်းမောက်သွားသည့်ရိပေါ်

"ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား "

ကျိရန်အမေးကြောင့်ခေါင်းပြန်ထောင်လာကာ ကျိရန်အားမျက်နှာသေလေးဖြင့်ကြည့်၍ခေါင်း
ရမ်းပြလေသည်

"နေမကောင်းတာမဟုတ်ဘူးဆို ဘာဖြစ်နေတာလဲ မင်းကြည့်ရတာစိတ်မချမ်းသာလိုက်တာ"

"အေးလေ လဒ ကြီးအစာမစားရလို့မှိုင်နေတဲ့
အတိုင်းဘဲ"
အားမနာတမ်းပြောဆိုနေသောနှစ်ယောက်အားအကြည့်စူးစူးတစ်ချက်ဖြင့်ကြည့်လိုက်ကာထွက်လာလေသည်။

ကြောင်တောင်တောင်လေးကျန်ခဲ့တဲ့နှစ်ယောက်ကလည်းဘာဖြစ်မှန်းမသိတဲ့ရိပေါ်နောက်ကိုလိုက်ဖို့မမေ့ခဲ့ အပြေးလေးလိုက်ရပြန်သည်

ဟူးး ကျိရန်နဲ့ငါ မာရသွန်ပြိုင်ပွဲ၀င်ရင်ဆုတောင်ရချင်ရနေမှာ!!

ကန်တင်းသို့ရောက်သော်လည်းအအေးတစ်ခွက်မှာကာ မသောက်ဘဲ မွှေနေပြန်သည်

"ကျိရန် အဲ့ကောင်မူမမှန်တော့ဘူး"

"အေး တစ်ခုခုတော့တစ်ခုခုဘဲ"

ရိပေါ်အား ထိုင်ကြည့်ကာ ရူးချင်လာသည့်ကျိရန်

မဖြစ်တော့ဘူး အအေးခွက်မှာပြီးမသောက်ဘဲမွှေလိုက်ပြုံးလိုက် မှိုင်သွားလိုက်နဲ့ ဒီလဒလေးကိုတစ်ခုခုလုပ်ရမယ်

အတွေးနှင့်အတူ ရှေ့၌ချထားသည့်ရေဘူးအားဖွင့်ကာ
ရိပေါ်မျက်နှာတည့်တည့်ဆီသို့ ပက်ပေးလိုက်သည်

ရေစိုသွားသောရိပေါ်ကဒေါသလဲထွက်မသွားပြုံးပြုံးကြိ်းကြည့်လာသည်ကြောင့်

"ဟောက်ရွှမ်း ငါကြက်သီးတောင်ထလာပြီကွာ"

လက်မောင်းအားလက်ဖြင့်ပွတ်ကာကြက်သီး
ထဟန်လုပ်ပြနေလေသည်။

တစ်ချိန်လုံးစကားတစ်လုံးမှမပြောသည့်ရိပေါ်ဆီမှကြားလိုက်ရသည့်စကားကြောင့် ကျိရန်နှင့်ဟောက်ရွှမ်း သိလိုက်ခြင်းက ရိပေါ်တစ်ယောက်ရူးနေပြီဆိုတာပင်

Candy love ( Completed )Where stories live. Discover now