🍭 CL-10 🍭

1.2K 87 1
                                    

ရေခဲသေတ္တာထဲရှိပန်းသီးအားရေဆေးကာ ပန်းကန်ပေါ်၌ လှီးစိပ်ထည့်လျက် ကောင်လေးအခန်းဆီတက်လာလိုက်သည် ။

ယဥ္ကျေးမှုအရအခန်းတံခါးခေါက်လိုက်ပေမဲ့အထဲမှပြန်ဖြေခြင်းလဲမရှိ..တံခါးအားအသာတွန်း
ကြည့်တော့ ပွင့်သွားလေသည်။

တံခါးမပိတ်ထားဘူးဘဲ...

အခန်းထဲ၀င်လိုက်တော့ သူ့နေရာနှင့်သူ အစီစဥ်တကျသပ်သပ်ရပ်ရပ်ရှိတဲ့အခန်းလေး. အစိမ်းရောင်ကြိုက်ပုံရတဲ့ကောင်လေး အသုံးအဆောင်တော်"များအစိမ်းရောင်လေးတွေပင်။

တံခါးဘက်ကိုကျောပေးပြီးကုတင်ပေါ်မှာမှောက်နေတဲ့ကောင်လေး..

" ကောင်လေး.. "

လက်ထဲကပန်းသီးပန်းကန်ကိုစာကြည့်စားပွဲပေါ်တင်လိုက်ပြီးအသံပြုပေမဲ့တုပ်တုပ်မျှပင်လှုပ်မလာ။ တစ်ဖက်ကိုသွားကြည့်မိတော့

သြော် စာသင်ဖို့တက်ကြွနေတဲ့ကောင်လေးပါလေ.

ခေါင်းအုံးလေးပေါ်မေးတင်ပြီး နှစ်နှစ်ခြိုက်ကိုအိပ်ပျော်နေတာ...မနိုးရက်တာနဲ့ဘဲ ကုတင်ဘေး ထိုင်ကြည့်နေလိုက်မိတယ်..

နဖူးပေါ်၀ဲကျနေတဲ့ ဆံပင်လေးတွေကိုဖယ်ပေးဖို့လက်လှမ်းတော့ မျက်လုံးပွင့်လာတဲ့ကောင်လေး...

လက်ကိုပြန်ရုတ်လိုက်ပြီးအရှက်ပြေလုပ်ချောင်း
ဟန့်လို့

"အဟမ်း အိပ်မနေနဲ့တော့ စာသင်ရအောင်"

"အင်းး"

သံရှည်ဆွဲဖြင့်ပြန်ဖြေကာ ထထိုင်လာသည့်ကောင်လေးအားကြည့်ကာ သဘောတကျပြုံးလိုက်မိသည် ။
"ချစ်ဖို့ကောင်းတယ်"

ကုတင်ပေါ်ကဆင်းပြီး စာကြည့်စားပွဲမှာနေရာယူလိုက်ကြတယ်။ စာအုပ်ပြောင်တွေထုတ်လာတဲ့ကောင်လေးကို
ကြည့်ပြီး အံ့သြမိသည်။

"စာတွေကော ... "
စာအုပ်ပြောင်အလွတ်တွေကာကြည့်လို့ မေးခွန်းထုတ်မိတော့...

"စာမေးပွဲမနီးသေးဘူးလေ.. "
မှတ်သားလောက်ပါပေတယ် . စားမေးပွဲနီးမှစာတွေကအလိုလိုရောက်လာမလိုလို  .

"ဒါဆို ဘယ်ကစာကို ကိုယ်ကသင်ပေးရမှာလဲ. "

"မသိဘူးလေ ရှောင်းလူကြီးသင်ချင်ရာသင်"

Candy love ( Completed )Where stories live. Discover now