🍭CL -16🍭

1.2K 87 9
                                    

မယုံနိုင်  သေးဘူး ရှောင်းကျန့်ဆိုတဲ့သူက ''Bunny´´ဆိုတာကို။ကိုယ်ချစ်တဲ့သူနဲ့ ငယ်ငယ်ကစွဲလမ်းခဲ့ရတဲ့သူ တစ်ယောက်တည်းဖြစ်နေတယ်ဆိုတော့ ရိပေါ်အပျော်ကြီးပျော်နေမိသည်။ မနေ့က ပန်းခြံကနေ အိမ်ကို ရှောင်းကျန့်ကပင် ပြန်လိုက်ပို့ပေးသွားသည်။

မနက်အစောကြီး ရေမိုးချိုးပြီး တက်ကြွနေတဲ့ရိပေါ်က အကျီဝတ်သည့်နေရာ၌ အချိန်အတော်ယူနေပုံပင်။ဝတ်လိုက် ချွတ်လိုက် အသစ်ဝတ်ကြည့်လိုက် မှန်ထဲ ပြန်ကြည့်လိုက်နဲ့ ကုတင်ပေါ်မှာလဲ အကျီတွေပွဆလန် ကျဲနေပြီ။အခုထိစိတ်တိုင်းကျ အကျီမတွေ့သေး။

ဒီနေ့ first date မလို့ အရင်ကထက်ပိုချောနေရမယ်။ဘာဝတ်ဝတ်ချောတာသိပေမဲ့ ပိုလိုက်တဲ့အကျီလေးဝတ်ရင်ပိုချောသွားမယ်မလား။နောက်ဆုံးတော့ ရိပေါ်စိတ်တိုင်းကျ အကျီဝတ်လို့ပြီးသွားတယ်။အောက်ခံတီရှပ်ဖြူလေးအရင်ဝတ်ပြီး အပေါ်ကနေ လိမ္မော်ရောင်အစင်းကျားလက်ရှည်ထပ်ဝတ်လိုက်သည်။

မှန်ထဲကိုသေချာကြည့်ကာ ဆံပင်ကိုရှေ့ကိုချပြီးအနည်းငယ်ခွဲတယ်။အကျီကော်လံကိုသေချာလုပ်ပြီး မှန်ထဲကရိပေါ်ကိုလက်မထောင်ပြကာ

"Prefect boy!"

ခြံထဲမှာအရှေ့လျှောက်လိုက်အနောက်လျှောက်လိုက်လုပ်နေ
သည့်ရိပေါ်က ရှောင်းကျန့်ကားကိုမြင်တော့ အိမ်ထဲတန်းပြေးဝင်သည်။

"ဟက် သြော် ဒီကလေး ပြာယာကိုခပ်နေတာဘဲ"

အိမ်ပေါ်ပြေးအတက် မီးဖိုခန်းထဲကထွက်လာတဲ့ဝမ်မားနဲ့တိုက်မိမလိုဖြစ်သည်။ဝမ်မားကို "ဟီး"ဆိုပြိိး သွားလေးစိကာရယ်ပြကာအပေါ်ပြေးတက်သွားသည်။ဒီကလေး ဘယ်လိုဖြစ်နေတာလဲ။

"ဝမ်မား နေကောင်းတယ်နော်"

"သားကျန့် ပါလား ကောင်းပါ့ရှင်...အလည်လာတာလား"

"ဟို..ကောင်လေးကို အပြင်သွားဖို့ လာခေါ်တာ"

ဂုတ်ပိုးလေးကိုပွတ်ရင်း ခပ်ပြုံးပြုံးဆိုသည့်ရှောင်းကျန့်ကို
ကြည့်ကာ ဝမ်မားကပြုံးသည်။

"သားညီ ခုလေးတင်အပေါ်ထပ်ကိုပြေးတက်သွားတာဘဲ"

အကွယ်ကနေ ချောင်းကြည့်နေသည့်ရိပေါ်က ဆံပင်ကိုတစ်ချက်သပ်ကာ ဆင်းလာသည်။ ရိပေါ်က လူကြီးပုံစံလေးဖမ်းထားပေမဲ့ ရှောင်းကျန့်မျက်လုံးထဲမှာ ဖျစ်ညှစ်ချင်စရာ ကလေးလေးပင်။

Candy love ( Completed )Where stories live. Discover now