🍭 CL-7 🍭

1.4K 108 2
                                    

"ပါး "

တိုးလျစွာခေါ်သံနှင့်အတူစာကြည့်ခန်းအတွင်း၀င်လာလိုက်သည်။ကျောပေးကာရပ်နေတဲ့ပါးဆီမှမကောင်းသည့်အငွေ့အသက်များကိုခံစားမိသည်။

"ပါး "

ထပ်ခေါ်လိုက်တော့ လှည့်လာသည့်ပါးရဲ့မျက်နှာအမူယာကိုအမြင်ပင်လေ့လာလိုက်သည်။ ပါးတစ်ခုခုအလိုမကျလျှင် ပါးမကြိုက်တာတစ်ခုခုရှိလျှင် လိုသည်ထက်ပို၍မျက်နှာကခက်ထန်နေတတ်လေသည်။ သေချာနေပါပြီ မကြာခင်မှာဘဲ ...

စကားတစ်ခွန်းမှမဆိုဘဲ ခုံပေါ်သို့ပစ်တင်လာသည့်ဓါတ်ပုံတွေ...ဒါက ...
ဓါတ်ပုံတွေကိုအလျင်မြန်ကောက်ကာကြည့်မိတော့...ဟိုတစ်နေ့ညကclubမှာကျိရန်ကိုနမ်း
လိုက်တဲ့ပုံ ...နောက်တစ်ပုံက ဆေးရုံကပုံတွေ ထမင်းအတူတူစားနေတဲ့ပုံတွေ...

ဒါ ..ဒါတွေက ..မယုံကြည်နိုင်လောက်အောင်ဘဲ
ကိုယ့်နောက်ကို stalker ထားသည်တဲ့လား

ဓါတ်ပုံတွေကိုကြည့်ပြီးပါးဆီကိုခွင့်ပြုပေးပါဆို
သည့်သဘောဖြင့်သာကြည့်မိသည်။ နမ်းမိတဲ့ညမှာ မတော်တဆဆိုပေမဲ့ နစ်ယောက်တည်းတူတူရှိချိန်တွေ...မတွေ့ရရင်တွေ့ချင်တာတွေ ..တဖြည်းဖြည်းသိလာတာက
ကျိရန်ကိုချစ်နေမိပြီဆိုတာဘဲ ....

ဘယ်လိုနည်းနဲ့မှအဆံူးရှုံးမခံနိုင်ဘူး ကျေးဇူးပြုပြီး ကျွန်တော်တို့ကိုခွင့်ပြုပေးပါ ပါးရယ်...
စိတ်ထဲ၌ပြောနေပေမဲ့အပြင်ဘက်၌ပါးပြောလာ
မည့်စကားကိုသာကိုသာစောင့်နေမိသည်။
ငယ်ငယ်ကတည်းကပါးကိုမလွန်ဆန်နိုင်ခဲ့တဲ့ကိုယ်က ခုချိန်မှာကောလွန်ဆန်နိုင်ပါ့မလား။

...................................................................

"မား သားပြန်ရောက်ပြီ"

ကျိရန်ကိုလိုက်ပို့ပြီးဟောက်ရွှမ်းဆီသွားမယ်
အလုပ်အိမ်ပြန်လာခဲ့တော့ဆိုသည့်မားရဲ့အမိန့်
စကားလေးကြောင့်ပြန်လာခဲ့ရခြင်း။ခုတော့မားရဲ့အရိပ်ယောင်တောင်မတွေ့...

"မား "

ထပ်ခေါ်ကြည့်ပေမဲ့ တုံ့ပြန်ခြင်းမရှိ ။  မီးဖိုချောင်ထဲသွားကြည့်တော့လည်းမရှိ။ မားကဘယ်သွားတာလဲ...

Candy love ( Completed )Where stories live. Discover now