🍭 CL - 12 🍭

1.1K 88 2
                                    

ဆိုင်က နေဖုန်းပြန်ယူလာပြီးဖွင့်လိုက်တော့ message. တစ်ကြောင်းဝင်နေတာတွေ့လိုက်ရသည်။

💌ရိပေါ် ငါ အမေရိကား ကိုသွားရမှာ....ငါ့ကိုစိတ်မပူနဲ့ ငါအကုန်အဆင်ပြေတယ် ငါ  အဲ့မှာကျောင်းသွားတက်ရမှာ ..ပြန်လာရင်ငါပိုချောလာမှာ.ဟားဟားး မင်းကိုသနားလို့အကျောပေးထားတာ..ဒါဘဲကွာ... ကျိရန်ကိုငါလဲသတိရတယ်လို့အမှာပါးလိုက် သားကြီး.. မင်းတို့ကိုလွမ်းနေမယ် ငါ့ကိုမေ့သွားရင် သေပြီသာမှတ်။💌

စာဖတ်အပြီးမှာ ကျိရန်ဆီကိုတန်းပြီးဖုန်းခေါ်ရသည်။ဒီကောင်ကွာ ဘာတွေလျှောက်လုပ်နေတာလဲမသိဘူး။ ဖုန်းကိုတော်တော်နဲ့ဖုန်းမကိုင်တဲ့ကျိရန်ကြောင့် သူ့အိမ်ကိုသွားဖို့ပြင်ရသည်။ ကျိရန်ကတော်တော်စိတ်ပူနေတာ။

အနွေးထည်ခပ်ပါးပါးတစ်ထည်ဝတ်လို့ ဆိုင်ကယ်ကိုထုတ်ကာ ကျိရန်အိမ်သို့ဦးတည်သည်။

ဆိုင်ကယ်က လမ်းထိပ်နားရောက်ခံနီးကြအရှိန်လျော့သွားပြီး
ဘာရယ်မဟုတ် မျက်လုံးကအလိုလိုကို အဲ့ဆိုင်ဆီရောက်သွားတာ။ မကြည့်မိရင်အကောင်းသား ။ ဟိုတစ်ခါကကောင်မလေးနဲ့ဘဲ ပြုံးရယ်ပြီးစကားတွေပြောနေတာ။ မုန်းဖို့ကောင်းတဲ့လူ..။

စကားပြောနေရာကနေ ကျွန်တော့်ဆီကိုတည့်တည့်ကြီးဆိုက်ကြည့်လာတယ်။ဆိုင်ကယ်လီဗာကို ကျစ်နေအောင်ဆုပ်ကိုင်ပြီး
အရှိန်တင်ကာမောင်းထွက်လာခဲ့သည်။ 

ခြံထဲမှာပန်းပင်တွေရေ လောင်းနေတဲ့ ကျိရန်က အရှိန်နဲ့ ဝင်လာတဲ့ရိပေါ်ဆိုင်ကယ်ကြောင့်ရေပိုက်ကိုချပြီး ရိပေါ်နားလျှောက်လာတယ်။

"ရိပေါ် ကျောင်းသွားမို့လာခေါ်တာလား လွယ်အိတ်လဲမပါဘူး"

"ကျိရန် ဟောက်ရွှမ်းငါ့ဆီ စာပို့ထားလို့"

လက်ထဲကိုထည့်ပေးလိုက်သောဖုန်းကိုယူကြည့်ပြီး ယိုင်တိုင်တိုင်ဖြစ်သွားတဲ့ကျိရန်ကို လှမ်းထိမ်းလိုက်ရသည်။

"ကျိရန်.. ရရဲ့လား"

"အာ..အင်းကျောင်းသွားမှာဆို ငါလွယ်အိတ်သွားယူလိုက်အုနိးမယ်"

"ဟင့်အင်း ငါကျောင်းမသွားတော့ဘူး မနက်ဖြန်မှသွားကြမလား မင်းလဲနားလေ"

Candy love ( Completed )Where stories live. Discover now