Episode-1

27.9K 1.5K 136
                                    

Zawgyi Version

"ကျွန်တော်တို့ရဲ့ လေလံပွဲကိုရောက်ရှိလာကြတဲ့ လူကြီးမင်းများ၊ စီးပွားရေးရှင်ကြီးများကို ကျေးဇူးအထူးတင်ရှိပါ
တယ်ခင်ဗျာ......"
"ကျွန်တော်တို့ လေလံဆွဲမယ့် ‌ပရောဂျက်ကတော့ England နိုင်ငံရဲ့ နာမည်အကြီးဆုံး Engineer ဒီဇိုင်းဆွဲထားတဲ့ ဟိုတယ်လုပ်ငန်း ပရောဂျက်ဖြစ်ပါတယ်...."
"ပရိသတ်တွေလည်း စုံလင်စွာရောက်ရှိနေပြီမို့ လေလံပွဲ
စတင်ပါတော့မယ်ခင်ဗျာ........"
"ဈေးကို သိန်း ၁၀၀ ကနေ စတင်ပါ့မယ် ခင်ဗျာ......
လေလံပွဲစတင်ပါပြီ။ ဈေးစတင်ပေးလို့ရပါပြီ။"

‌"သိန်း ၂၀၀ ! "

"သိန်း ၃၀၀ ! "

လေလံပွဲစတင်သည်နှင့် ဈေးအပြိုင်အဆိုင်ပေးကာ အလုအယက် ‌လေလံတင်နေကြပါသော စီးပွားရေးရှင်များ။
လေလံတင်သည့်ပရောဂျက်ကလည်း တန်ဖိုးရှိသည်မို့။
ဒီပရောဂျက်ကိုသာ အနိုင်ရလျှင် ရရှိလာမည့် အကျိုးအမြတ်ကလည်း မနည်းသည်မို့......။

"သိန်း ၅၀၀ ! "

"သိန်း ၅၀၀ တစ်ကြိမ်! သိန်း ၅၀၀ နှစ်ကြိမ် !...."

"သိန်း ၈၀၀ !"

"သိန်း ၈၀၀ တစ်ကြိမ်.....! သိန်း ၈၀၀ နှစ်ကြိမ်.....!"

"သိန်း ၁၀၀၀ ! "

"သိန်း ၁၀၀၀ ထွက်လာပါပြီ၊ သိန်း ၁၀၀၀ တစ်ကြိမ်!....
သိန်း ၁၀၀၀ နှစ်ကြိမ်....! ထပ်တိုးဖို့ရှိပါသေးလား....!"

သိန်း ၁၀၀၀ ပေးထားသော စီးပွားရေးရှင်ရဲ့ စကားနောက်
ဈေးအပြိုင်အဆိုင်ပေးနေကြသော အသံများတိတ်သွားခဲ့သည်......
သို့သော် ထိုအချိန်.......
သံစိုင်ကဲ့သို့ ပြတ်သားမာကြောလှသော အသံတစ်ခုက
ခန်းမတစ်ခုလုံးကို လွှမ်းခြုံလာလေသည်.......

"သိန်း ၂၀၀၀ !! "

ထိုသူရဲ့ စကားအသံဆုံး ကျန်သော စီးပွားရေးရှင်များ
မျက်စိမျက်နှာပျက်သွားကြလေတော့သည်။
ဒီလောက်ဈေးကို ဘယ်သူမှမပေးနိုင်ကြဘူးလေ......

"သိန်း ၂၀၀၀ တစ်ကြိမ်! သိန်း ၂၀၀၀ နှစ်ကြိမ် ! သိန်း ၂၀၀၀ သုံးကြိမ် !..."
"ဒီပရောဂျက်ကို ရရှိသွားတာကတော့ Jeon Group ကပဲဖြစ်ပါတယ်! ဂုဏ်ပြုပါတယ်!"

I Hate U [Completed]Where stories live. Discover now