Episode-8

10.8K 1K 49
                                    

Zawgyi Version

"သတို့သားလောင်းလေးက လှလိုက်တာကွယ်။
ဂျောင်ကုရှီကတော့ အရမ်းကံကောင်းတာပဲ....."

မိတ်ကပ်ပြင်ပေးနေရင်းနဲ့ ချီးကျူးလိုက်သော မိတ်ကပ်ဆရာရဲ့စကားကြောင့် မဲ့ပြုံးလေးသာပြုံးလိုက်မိသည်။
မှန်ထဲမြင်နေရသော ကိုယ့်ရဲ့မျက်နှာလေးသည် မိန်းကလေးရှုံးရအောင်ပင် လှပလွန်းပါသည်။
သို့ပေမယ့် ခံစားချက်မရှိသောမျက်နှာက ဒီအလှ‌တွေကို ဖျက်နေသလိုပင်။

ဂျွန်ဂျောင်ကုရဲ့ အလောတကြီးစီစဉ်မှုကြောင့် စောသည်ထက်စောကာရောက်ရှိလာတဲ့ မင်္ဂလာပွဲ။
အဖေက ဆေးရုံတက်နေရ၍တက်နိုင်မှာမဟုတ်၊ထို့အတူအမေကလည်း အ‌ဖေ့ကိုစောင့်ပေးနေရသည့်အတွက်တက်နိုင်မှာမဟုတ်တာကြောင့်  အဖေသက်သာမှ မင်္ဂလာဆောင်ပါရစေဆိုတဲ့ကိုယ့်ရဲ့တောင်းဆိုမှုကို လျစ်လျူရှုပြီး သူ့စိတ်တိုင်းကျ သာလုပ်သည်။
သူ့ကိုဘယ်လောက်ပဲမုန်းပါစေ ၊တစ်သက်မှာတစ်ခါသာ လုပ်ရတဲ့ မင်္ဂလာပွဲ၊ ဘယ်သူမဆို မိဘအစုံအလင်နဲ့ ကျင်းပချင်တာပေါ့.....။
အခုတော့ မိဘတွေရှိရဲ့သားနဲ့ .......

ပြီးတော့ ကိုကို့ရဲ့မိဘတွေ၊ မင်္ဂလာသတင်းကိုသူတို့လည်းကြားမှာပေါ့.....။
ကိုကိုဆုံးတာမှမကြာသေး၊ အခုကိုယ်ကလက်ထပ်တော့မယ်ဆိုတော့ သူတို့စိတ်ထဲကိုယ့်ကိုဘယ်လိုထင်သွားကြမလဲ။
ပါးစပ်ကထုတ်မပြောလည်း စိတ်ထဲမှာတော့ ကိုယ့်ကို နာကြည်းသွားမှာအမှန်။

ကိုယ်စိတ်ကူးယဉ်ခဲ့ရတဲ့ မင်္ဂလာပွဲက ဒီလိုမှမဟုတ်တာ.....။
ကိုယ်ချစ်ရတဲ့သူ၊ ကိုယ့်ကိုချစ်တဲ့သူ၊ ကိုယ့်မိဘအသိုင်းအဝိုင်း၊ ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပချင်ခဲ့တာ။
အခုတော့ အားလုံးတခြားစီ။
မုန်းလိုက်တာ ဂျွန်ဂျောင်ကုရယ်....။
အဲ့ဒီလို သူ့စိတ်တိုင်းကျသာလုပ်ပြီး တစ်ဖက်သားကို ထည့်မစဉ်းစားပေးတဲ့ သူ့အကျင့်ကို မုန်းတာ။
ခင်ဗျားက ကျွန်တော်ပိုပိုမုန်းလာအောင်လုပ်နေတာ။

"ကဲ... ပြင်ဆင်ပြီးပါပြီနော်၊ သွားလိုက်ပါဦးမယ်..."

မိတ်ကပ်ဆရာနှုတ်ဆက်သွားတာကိုလည်းပြန်ပြီးနှုတ်မဆက်မိသလို မှန်ရှေ့မှာသာ ငူငူကြီးထိုင်နေမိသည်။

I Hate U [Completed]Where stories live. Discover now