Episode-18 (Final)

22.7K 1.3K 172
                                    

Zawgyi Version

လေပြေလေညင်းလေးတွေ တဟူးဟူးတိုက်ခတ်နေသော ပင်လယ်ကမ်းခြေရဲ့တစ်နေရာ....။
မင်္ဂလာဆောင်အခမ်းအနားတစ်ခုလို ပြင်ဆင်ထားသောကြောင့် ပင်လယ်ကမ်းခြေရဲ့အလှက ပို၍ ကြွရွနေသယောင်။
ပရိသတ်အများအပြားမပါဘဲ မိသားစုတွေ၊ သူငယ်ချင်း မိတ်ဆွေတွေသာရှိသောကြောင့် အရမ်းကြီးမစည်ကားပေ။

တစ်‌ယောက်သောသူရဲ့အကြိုက် အနီရောင်နှင်းဆီပန်းတွေနဲ့သာ အလှဆင်ထားသော ထိုမင်္ဂလာပွဲလေးက ရိုးရှင်းပေမယ့် မြင်ရသူအဖို့ ကြည်နူးမှုရသကိုပေးစွမ်းလေသည်.....။

ကမ်းခြေရဲ့သောင်ပြင်ပေါ် ခင်းကျင်းထားသော အဖြူရောင် လျှောက်လမ်းလေးရဲ့အဆုံးမှာ စိတ်လှုပ်ရှားစွာနဲ့ ရပ်စောင့်နေပါသော သတို့သားလေး။
ရင်ဘတ်မှာလည်း အနီရောင်နှင်းဆီပွင့်လေးထိုးထားလျက်ရှိသည်....။
မကြာခင် လျှောက်လမ်းကိုလျှောက်လာတော့မည့် သူ့ရဲ့သတို့သားလောင်းလေးရဲ့ အလှအပကိုရှုမြင်ရတော့မှာမို့ တဒုတ်ဒုတ်ခုန်နေတဲ့ရင်အစုံကို ဖိထားရသည်။

မကြာခင်ပဲ ပရိသတ်တွေရဲ့လက်ခုပ်ဩဘာသံနှင့်အတူ ဖခင်ဖြစ်သူရဲ့လက်ကိုတွဲ၍ လျှောက်လမ်းဆီကနေ ကိုယ့်ဆီတည့်တည့်မတ်မတ်လျှောက်လှမ်းလာပါသော ကိုယ့်ရဲ့အဖြူရောင်သတို့သားလေး.....။

တစ်ကမ္ဘာလုံးမှာ ကိုယ့်အတွက်တစ်ယောက်အပြင်မရှိပါသော ကိုယ့်ရဲ့ချာတိတ်လေး.....။
ဒီတစ်ခေါက် လက်ထပ်ပွဲမှာတော့ မိဘတွေအစုံအလင်နဲ့ ချာတိတ်လေးက ပြုံးပျော်လို့....။

ချာတိတ်.... ကိုယ့်အစားသေနတ်အမှန်ခံတုန်းက ကိုယ်ဘယ်လောက်တောင် သွေးပျက်ခဲ့ရလဲ.....
အရေးပေါ်ခန်းထဲ အသက်လုနေခဲ့ရတဲ့ ချာတိတ်ကိုကြည့်ပြီး ကိုယ်ဘယ်လောက်တောင် ကြောက်ရွံ့ခဲ့ရလဲ.....။
အခုချိန်ထိ ဒီအကြောင်းတွေကြောင့် အိပ်မက်ဆိုးတွေမက်နေဆဲပဲ....။
တကယ်လို့ ချာတိတ်သာတစ်ခုခုဖြစ်ခဲ့ရင် ကိုယ်လည်းအသက်ရှင်နိုင်မယ်မထင်ဘူး.....။

အခုတော့ မုန်တိုင်းတိုက်ပြီးလို့ လေပြည်လေးတွေပြန်ဝင်လာသလိုမျိုး ကိုယ်တို့ရဲ့ဘဝတွေမှာလည်း အနှောင့်အယှက်တွေမရှိတော့ဘဲ ပျော်ရွှင်ခြင်းတွေသာ လွှမ်းခြုံနေတော့သည်။
ရှင်းယူမီဆိုတဲ့မိန်းမလည်း ကြံရာပါအဖြစ် ထောင်ကျသွားပြီဖြစ်သလို ဟန်မင်ယော့လည်း
ထိုနေ့ကပဲ ရဲတွေဆီကထွက်ပြေးရင်း ကုန်တင်ကားအတိုက်ခံလိုက်ရလို့ ဆုံးသွားပြီ.....။

I Hate U [Completed]Where stories live. Discover now