Episode-14

11.8K 1.1K 95
                                    

Zawgyi Version

‌ကိုက်ခဲနေသောခေါင်းကြောင့် နိုးထလာတဲ့မနက်ခင်း။
လေးလံနေသောမျက်ခွံတွေကို အားယူပြီးဖွင့်ကြည့်လိုက်တော့ ဧည့်ခန်းရဲ့မျက်နှာကြက်ကဆီးကြိုလေသည်။

မျက်လုံးတွေကိုအသေအချာဖွင့်ရင်း ပတ်ဝန်းကျင်ကိုစူးစမ်းကြည့်မိတော့မှ ဧည့်ခန်းထဲက ဆိုဖာထက် အိပ်ပျော်နေခဲ့မှန်းသိရတော့သည်....။
မနေ့က ချာတိတ်နဲ့ပြဿနာတက်ပြီးကတည်းက ကလပ်မှာသွားသောက်နေခဲ့တာ။
အခုထိထိုးကိုက်နေတဲ့ခေါင်းကြောင့် ဘယ်လိုကနေဘယ်လိုအိမ်ကိုပြန်ရောက်မှန်းတောင်စဉ်းစားလို့မရပေ။

"အား! ခေါင်းကိုက်လိုက်တာ! သောက်တာများသွားပြီထင်တယ်...."

ဆိုဖာပေါ် ထိုင်ရာကနေမထရသေးဘဲ ခေါင်းကိုဖိကိုင်ရင်း ညည်းနေမိသည်။
ဦးနှောက်ကိုအလုပ်ပေးရင်း ညကအကြောင်းတွေမရမကစဉ်းစားတော့မှ တစ်ခုချင်းဆီပြန်ပေါ်လာတဲ့ အဖြစ်အပျက်တွေ။
ဆိုဖာပေါ်ထိုင်ရင်း ငိုယိုကာ ရင်ဖွင့်မိတဲ့ ကိုယ့်ပုံရိပ်တွေက အတွေးထဲပြန်ရောက်လို့လာသည်။

"ကျစ်...! ရှက်စရာကြီး ဂျွန်ဂျောင်ကုရယ်! ချာတိတ်ရှေ့မှာမှ မျက်ရည်ကျရလား! ဟိုက အရင်ကတည်းက ကိုယ့်ဆို မကြောက်မရွံ့နဲ့၊ အခုဒီလိုပုံစံကြီးတွေ့သွားမှတော့ ငါ့ကိုပိုပြီးတောင် အာခံလာဦးမယ်!"

ခေါင်းကဆံပင်တွေကိုရှုပ်ဖွရင်း စိတ်တွေညစ်နေတော့သည်။

"ဒါပေမယ့်... အကောင်းဘက်ကကြည့်ရင်လည်း ငါ့ခံစားချက်တွေ သူသိသွားတာပေါ့၊ မဟုတ်ဘူးလား...? မဟုတ်ရင် သူကငါ့ကိုခံစားချက်မရှိတဲ့လူလို့ပဲထင်နေတာ...! "

တစ်ယောက်တည်းဟိုတွေးလိုက်၊ ဒီတွေးလိုက်နဲ့ ဆိုဖာပေါ်ထိုင်ကာ အလုပ်ရှုပ်နေတုန်း

"‌ရော့! ပျားရည်သောက်လိုက်၊ ‌အမူးအမောလည်းပြေတယ်၊ ခေါင်းကိုက်လည်းပျောက်တယ်.....!"

မျက်စိရှေ့ကိုရောက်လာတဲ့ ပျားရည်ဖန်ခွက်ကြောင့် မော့ကြည့်လိုက်မိတော့ ချာတိတ်....။
ဘာပြဿနာမှမဖြစ်ခဲ့သလို ပုံစံမျိုးနဲ့ အေးအေးဆေးဆေး ပျားရည်ခွက်ကိုထိုးပေးနေလေသည်။

I Hate U [Completed]Where stories live. Discover now