Episode-9

10.8K 1K 35
                                    


Zawgyi Version

"ကင်ထယ်ယောင်းရော အခုထိပြန်မရောက်သေးဘူးလား....!?"

ဂျောင်ကုတို့မိသားစုသုံးယောက်၏မနက်စာဝိုင်းတွင် ဟိန်း၍ထွက်လာသော Mr. Jeon ရဲ့အသံ။
မနေ့ညက ညစာစားပွဲမှာ ပြဿနာရှာသွားပြီးကတည်းက အိမ်ကိုပြန်မလာသေးတာ အခုထိ။
ညကကိစ္စကြောင့် အဖေကောအမေကော ချာတိတ်ကိုအမြင်မကြည်ကြတော့ပေ။

ညစာစားပွဲကိုရောက်လာတဲ့ မီဒီယာတွေကိုလည်း ဒီအကြောင်းအပြင်ကိုမပေါက်ကြားစေဖို့ အဖေက ငွေနဲ့အထပ်ထပ်ဖုံးလိုက်ရသည်။

"ကျွန်တော်ရှာကြည့်လိုက်ပါ့မယ်...အဖေ..."

ခပ်တိုးတိုးပြန်ဖြေသောကိုယ့်ရဲ့စကားသံအဆုံး
စားနေသောဇွန်းကိုစားပွဲပေါ် ပစ်ချလိုက်သော အသံသည် အဖေ့ထံမှ ထွက်လို့လာသည်။

"ဂျွန်ဂျောင်ကု! မင်းအရင်ကပုံစံဘယ်ရောက်သွားတာလဲ...!? အရင်က ငါသိခဲ့တဲ့ ငါ့သားက သူ့ကို လက်နဲ့မပြောနဲ့ ပါးစပ်ကလေးနဲ့ထိပါးရင်တောင် ဆယ်ဆလောက်ပြန်ပြီးတုံ့ပြန်တတ်တဲ့သူ၊ အခုငါ့ရှေ့မှာရှိနေတဲ့သူက အချစ်အတွက်နဲ့ စုံလုံးကန်းနေတဲ့သူဖြစ်နေပြီ.....။
မင်းကိုငါအဲ့လိုသင်ပေးခဲ့လား....!? အချစ်ကြောင့် ပျော့ညံ့သွားတဲ့လူစားမျိုးဖြစ်အောင် ငါသင်ခဲ့လား....!? "

"တောင်းပန်ပါတယ် အဖေ...."

"ကင်ထယ်ယောင်းနဲ့ ကွာရှင်းလိုက်တော့!"

"အဖေ!!"

"ယောက်ျား!"

"အဲ့အကောင် ညကလူကြားသူကြားထဲမင်းကိုဘယ်လိုစော်ကားသွားလဲဆိုတာမမြင်ဘူးလား!?
ငါတို့ဘက်က သူ့ကိုနေစရာစားစရာလည်းပေး‌ရသေးတယ်၊ သူ့မိသားစုအတွက်လည်းစားရိတ်ငြိမ်းအကုန်လုပ်ပေးထားတယ်၊ အဲဒါတောင် အဲ့ဒီ့ကျေးဇူးကန်းတဲ့ကောင်က မထီမဲ့မြင်လုပ်သွားတာ။ ငါသည်းမခံနိုင်ဘူး ဂျွန်ဂျောင်ကု! ချက်ချင်းကွာရှင်း!"

"စိတ်ကိုထိန်းပါဦး ယောက်ျားရယ်၊ မနေ့ကလက်ထပ်၊ ဒီနေ့ကွာရှင်းဆို မီဒီယာတွေရော စီးပွားရေးရှင်တွေရော ဘယ်လိုတွေးကြမလဲ..!?"

"အဲဒါငါ့အတွက်အရေးမကြီးဘူး၊ အဲ့ကောင်လေးကို မင်း သားက ချစ်လှပါချည်ရဲ့ဆိုလို့ သဘောတူပေးခဲ့တာ၊ အခုလိုငါတို့ကိုစိတ်ဒုက္ခပေးဖို့မဟုတ်ဘူး! ငါပြောတာကြားတယ်မလား ဂျွန်ဂျောင်ကု! အခုချက်ချင်းကွာရှင်းရမယ်!"

I Hate U [Completed]Where stories live. Discover now