Episode-3

12.5K 1.2K 41
                                    


Zawgyi Version

*ဘုန်း....*

ခုံပေါ်သို့ လွယ်လာသောအိတ်ကို စိတ်ရှုပ်စွာ ပစ်ချလိုက်
မိတော့ ဘုန်း ဆိုတဲ့ အသံက ခပ်ကျယ်ကျယ်ထွက်လို့လာသည်။
မီးဖိုချောင်ထဲက အမေလည်း ထိုအသံကိုကြား၍ ဧည့်ခန်းဆီ ပြာပြာသလဲ ပြေးလာလေသည်။

"ထယ်လေး.... ဘာဖြစ်တာလဲ.... မျက်နှာလည်းမကောင်းဘူး.....! သား မင်ဟိုနဲ့ ထွက်သွားတာမလား.... ဘာလဲရန်ဖြစ်လို့လား.....?"

ကိုယ့်ရဲ့ စူပုတ်နေသော မျက်နှာထားကိုကြည့်၍ အမေက
တော့ စိတ်ပူစွာနှင့် မေးခွန်းတွေထုတ်လေတော့သည်။
ကိုယ့်မှာတော့ အမေ့ကိုပြန်မဖြေအားဘဲ ရုပ်ရှင်ရုံကအပြန်ကားပါကင်မှာ ဖြစ်လာတဲ့ကိစ္စရဲ့ တရားခံကိုသာ
သည်းကြီးမည်းကြီး စဉ်စားရင်း။

"Omma..... ဒါနဲ့လေ ဂျွန်ဂျောင်ကု ဆိုတဲ့နာမည်ကို
Omma ကြားဖူးလားဟင်....?"

"ဂျွန်ဂျောင်ကု...?  သား သူ့ကိုသိပါတယ်....?"

"ကျွန်တော်က သူ့ကိုသိတယ်....? ကျွန်တော်မသိပါဘူး...."

"သား အဖေရဲ့ Company မှာ သားထိုးခဲ့တဲ့လူလေ...
သူ့နာမည်က ဂျွန်ဂျောင်ကုတဲ့.....! သားမသိဘူးလား...?
သားအဖေက သူ့နာမည်မပြောပြဘူးလား....?"

ဂျွန်ဂျောင်ကုက အဲ့လူလား.....? ဒီလူက ဘာလို့ ကိုယ့်ကို
ဒုက္ခလာပေးနေရတာလဲ....? Appa ရဲ့ Company ကိစ္စအပြင် အခု ကိုယ့်ရဲ့ personal ကိစ္စတွေကိုပါ
လာ ထိခိုက်နေပြီ....
ဒီလူ ဘာရည်ရွယ်ချက်နဲ့ ဒီလိုတွေလုပ်နေရတာလဲ...?
ဒီလိုသာဆက်နှောင့်ယှက်နေမယ်ဆိုရင် မဖြစ်ချေတော့။
ဒီလူနဲ့ ထိပ်တိုက်တွေ့ မှပဲရတော့မည်။

အတွေးနဲ့အတူ ခြေလှမ်းတွေက အိမ်အပေါ်ထပ် Appa ရဲ့ စာဖတ်ခန်းဆီ။
ဒီလူ့‌အကြောင်း Appa ကိုမေးရမည်။

*ဒေါက်... ဒေါက်..*
"Appa.... ကျွန်တော်ဝင်လာလို့ရမလား....?"

"ဝင်ခဲ့လေ...."

ခွင့်ပြုချက်ရတာနဲ့ တံခါးကိုတွန်းဖွင့်ရင်းဝင်သွားလေတော့
အလုပ်စားပွဲမှာထိုင်ပြီး စာရွက်စာတမ်းတွေနဲ့ အလုပ်ရှုပ်
နေသော Appa....
ကြည့်ရတာ ရှယ်ယာတွေ ပြန်ယူဖို့ ဒေါင်ချာဆိုင်းနေသည်ထင်၏။

I Hate U [Completed]Where stories live. Discover now