Episode-2
14.3K 1.3K 157
Zawgyi Version
ပါးစပ်မှာတေ့ထားသော စီးကရက်ကို အရသာခံလျက်ရှူ
သွင်းပြီးနောက် ပြန်ပြီးမှုတ်ထုတ်လေတော့ မျက်စိရှေ့ ၌
တွေ့ လာရသည့် စီးကရက်ရဲ့ အငွေ့ တွေ။
ထူးထူးဆန်းဆန်း ကိုယ့်မျက်လုံးထဲတွင်တော့ ထိုကောင်
လေးရဲ့ မျက်နှာလေးက နေရာယူလို့.....!
မျက်ဝန်းလေးတွေ၊ စူးရှနေတဲ့မျက်ဝန်းလေးတွေ.....
အဲဒီ့မျက်ဝန်းလေးတွေထဲက အကြည့်ရဲရဲလေး‌က သေချာ
ကိုယ်ကကော ဘာလို့ အဲ့ဒီ့မျက်ဝန်းလေးကိုမှ စွဲလန်းနေရ
တာလဲ......
ပြီးတော့ နုနယ်လှသော မျက်နှာလေးနှင့်မလိုက်၊ ကိုယ့်ကို
ဆို ရက်ရက်စက်စက်စကားတွေ ခြွေတတ်ပါသော
ကကြီးပုံသဏ္ဍာန် နှုတ်ခမ်းပါးလေး......။
ထိုနှုတ်ခမ်းပါးလေးရဲ့ အရသာကကော ဘယ်လိုရှိမလဲဆို
တာ တစ်ခါလောက်တော့ မြည်းစမ်းမိချင်ပါ၏။
ထိုင်ခုံမှာထိုင်နေရာမှထကာ ကိုယ်လုံးပေါ်မှန်အရှေ့ ရပ်
လိုက်တော့ ကိုယ့်ရဲ့ နှုတ်ခမ်းထောင့်က ညိုမည်းစွဲလျက်။
လက်ဖြင့်တစ်ချက်ဖိကိုင်လိုက်မိတော့ နာကျင်မှုလေးက
ဆစ်ခနဲ။
ဒါပေမယ့် ကျွန်တော်ပြုံးနေမိတာ.....။
နေလာခဲ့တဲ့ ဘဝတစ်လျှောက် ဘယ်လိုအကြောင်း
ကြောင့်နဲ့မှ မပြုံးဖူးတဲ့ ကျွန်တော့်လို လူမျိုးက အခုတော့
သွားတန်းလေးတွေ ပေါ်သည်အထိ နှစ်နှစ်ခြိုက်ခြိုက်ကို
ပြုံးနေမိတာ......။
ဒီချာတိတ်‌လေး‌ကြောင့် သူပြုံးမိတာ နှစ်ခါတောင်ရှိနေပါရော့လား......
ပထမတစ်ခါက သူကျွန်တော့်ကို ထိုးသွားတုန်းက၊
ဒုတိယတစ်ခါကတော့ အခု သူထိုးသွားတဲ့ ဒဏ်ရာကို
ကြည့်နေတဲ့အချိန်......။
တွေ့ တာ ဘယ်လောက်မှမကြာသေးတာတောင် ချာတိတ်‌က သူ့ကိုနှစ်ခါပြုံးအောင်လုပ်နိုင်ခဲ့ပြီ.....။
မင်းလေးက တကယ်ပဲ ဘာလေးများလဲ.....?
မင်းကိုအချိန်တိုလေးအတွင်း စွဲလန်းမိသွားအောင် ဘယ်လိုများ ဆွဲဆောင်လိုက်တာလဲ.....။
ရေစက်ရှိရင်တော့ မင်းနဲ့ထပ်ဆုံချင်သေးတယ်..... ငါ့ရဲ့ စုန်းကဝေလေးရေ......။
ဒါမှမဟုတ် အဲ့ဒီ့ရေစက် ဆိုတဲ့အရာကို ကိုယ်ကိုယ်တိုင်
ပဲ ဖန်တီးလိုက်ရင် ကိုယ့်ဘက်ကလွန်မယ်မထင်ပါဘူး
နော်......!
                           *********
I Hate U [Completed]Where stories live. Discover now