Episode-15

11.9K 1K 189
                                    

Zawgyi Version

လမ်းမထက်အရှိန်ဖြင့်မောင်းနှင်လာသော သူတို့နှစ်ယောက်ရဲ့ကားပေါ် တိတ်ဆိတ်မှုကသာ ကြီးစိုးလို့နေသည်။
ချစ်တယ်ဆိုပြီး လမ်းထက်ထိုင်ချလျက်ငိုကာဝန်ခံမိခဲ့တဲ့ ကိုယ့်အဖြစ်ကိုယ်ပြန်တွေးရင်း အရှက်သည်းနေသည်က ထယ်ယောင်း။
ရှက်နေသောထယ်ယောင်းကိုကြည့်ရင်း အသည်းတွေယားနေမိသည်က ဂျောင်ကု။

နှစ်ယောက်သား မိုးမမြင်လေမမြင် အနမ်းတွေကြား‌နစ်မြောနေမိခဲ့ကြသည်မှာ ဘေးကကားတွေဟွန်းတီးသွားတော့မှ ရပ်တန့်မိခဲ့သည့်အဖြစ်။
ထိုအချိန်ကတည်းက ရှက်လွန်းလို့ခေါင်းမဖော်လာရဲတော့တဲ့ ချာတိတ်က အခုထိကိုခေါင်းမမော့သေး။

ချာတိတ် ကိုယ့်ကို ချစ်တယ်လို့ပြောတဲ့အကြောင်းတွေ ပြန်တွေးမိပြန်တော့ ကားမောင်းနေရင်းနှင့်ပင် ပြုံးလာသောမျက်နှာက ထိန်းမရတော့ပေ။
အဆုံးမှာတော့ အသံထွက်အောင်ရယ်မိလိုက်သည်နှင့်ထင်ပါသည်။
ချာတိတ်က ခေါင်းထောင်၍ မော့ကြည့်လို့လာလေသည်။

"ခင်ဗျားက ဘာလို့ရယ်နေတာလဲ...? ကျွန်တော့်ကိုလှောင်နေတာလား....?"

ခုနက အရှက်သည်းနေတာသူမဟုတ်တဲ့အတိုင်း နှုတ်ခမ်းဆူကာ ချက်ချင်းရန်လာတွေ့နေတဲ့ ချာတိတ်ကိုကြည့်ပြီး အသည်းယားစိတ်ကတဖွားဖွားပေါ်လို့လာရာ ရယ်နေတာရပ်မရတော့ပေ။

"ဘာလို့ရယ်နေတာလဲလို့....!"

"အဟက်.... ချစ်စရာကောင်းလို့ပါကွာ....၊ ချာတိတ် ရှက်နေပုံလေးက ချစ်စရာကောင်းလို့..."

"ဘယ်...ဘယ်သူက ရှက်လို့လဲ...? မရှက်ပါဘူး!"

"ဟုတ်လား...? အဲဒါဆို ခုနက အရှက်လွန်ပြီး ခေါင်းကြီးငုံ့ထားတာ မြေကြီးထဲတောင် ဝင်မတ်ဖြစ်နေတဲ့သူက ဘယ်သူပါလိမ့်.....?"

"ခင်ဗျားနော်! မစနဲ့! ချစ်တယ်ဆိုတဲ့စကားပြန်ရုတ်သိမ်းလိုက်မှာ!"

"ဟာ! အဲဒါတော့မလုပ်ပါနဲ့ကွာ...! ချာတိတ်ဆီက ချစ်စကားကြားထားရတာ အခုမှ နှစ်နာရီတောင်မပြည့်သေးဘူး...."

"အဲဒါဆို မရယ်နဲ့! စလည်းမစနဲ့...!"

"အင်းပါ မစတော့ဘူး! နောက်ပဲနောက်တော့မယ်နော်....."

I Hate U [Completed]Where stories live. Discover now