Episode-4

11.7K 1.1K 101
                                    

Zawgyi Version

မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ ပြတင်းပေါက်ကနေရောင်က
တိုက်ရိုက်ကျရောက်လို့လာသည်။
ထထိုင်လိုက်တာနဲ့ နာကျင်မှုနဲ့အတူ ထိုးကိုက်လာတဲ့
ခေါင်း။
ညကသောက်တာများသွားပြီနှင့်တူသည်။
မျက်လုံးနှစ်ဖက်အသေအချာဖွင့်ရင်း ဘေးဘီကိုဝေ့ဝဲကြည့်လိုက်တော့မှ ကိုက်နေသောခေါင်းတောင်မူးချင်
ချင်။ ဒါကဘယ်သူ့အခန်းလဲ....?
ငါကကော ဘာလို့ဒီအခန်းထဲရောက်နေရတာလဲ...?
ပြီးတော့.... ငါ့ခန္ဓာကိုယ်မှာ အဝတ်အစားတစ်စုံမှမရှိရ
တာလဲ....?

ရှုပ်ထွေးနေသော ခေါင်းကိုလက်ဖြင့်တစ်ချက် ခပ်ကြမ်း
ကြမ်းရိုက်လိုက်ပြီး ညကအကြောင်းတွေ ပြန်စဉ်းစား
မိလေတော့....
ညက သူငယ်ချင်းတွေနဲ့ ကလပ်လာပြီးသောက်တယ်၊
စားတယ်၊ ပြီးတော့ သောက်တာများပြီး ခေါင်းမထောင်
နိုင်ဘဲ လဲကျသွားတယ်၊ ကိုယ်ဒါပဲ မှတ်မိတာ.....။
ဒါဆို ဒီအခန်းထဲဘယ်လိုရောက်နေခဲ့တာလဲ...?
သူငယ်ချင်းတွေ လာထားပေးသွားတာလား....?

အလျင်အမြန်ပင်
ကုတင်ပေါ်ကထလိုက်ပြီး ကုတင်ဘေးကျနေတဲ့ အဝတ်အစားတွေကို ကောက်ဝတ်လိုက်သည်။
ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကိုထုတ်ကြည့်မိတော့
ထယ်လေးရဲ့ Missed Call တွေက အကြိမ် ငါးဆယ်
မက.....။
ထယ်လေးတော့ စိတ်ဆိုးနေတော့မှာပဲ....။

အမြန်ပင် အခန်းထဲကနေထွက်လိုက်တော့ ညကသူငယ်
ချင်းတွေနဲ့ သောက်ခဲ့စားခဲ့တဲ့ ကလပ်ရဲ့ အနောက်က
သီးသန့်ခန်းထဲ ရောက်နေခဲ့တယ်ဆိုတာ သိလိုက်ရသည်။ ဒါဆို သူငယ်ချင်း‌တွေကကိုယ်အမူးလွန်နေလို့
ဒီမှာလာထားခဲ့ကြတာပေါ့.....။

ကားပါကင်ကို သွားနေတဲ့လမ်းတစ်လျှောက် ထယ်လေး
ဆီအကြိမ်ကြိမ်ဖုန်းခေါ်ပေမယ့် ဖုန်းကလုံးဝမကိုင်။
ဒီ‌ကလေး ကိုယ့်ကိုစိတ်ဆိုးသွားတာသေချာသည်။
ကိုယ်ညက ဘာတွေဘယ်လိုဖြစ်ခဲ့လဲမစဉ်းစားအား။
စိတ်ကောက်နေသောချစ်သူလေးအား ချော့ရန်
ထယ်လေးဆီ ထွက်လာခဲ့လိုက်သည်။

ကားမောင်းနေစဉ် တတီတီနဲ့ ဝင်လာသည့်ဖုန်း။
ထယ်လေးအထင်နဲ့ လမ်းဘေးကားရပ်ပြီး ကိုင်လိုက်
တော့ တစ်ဖက်က ညကအတူသောက်ခဲ့တဲ့သူငယ်ချင်း
တွေထဲကတစ်ယောက်။

I Hate U [Completed]Where stories live. Discover now