part-15

974 83 5
                                    


Unicode

" minie~~~~ကိုယ်နဲ့တစ်နေရာလိုက်ခဲ့မလား..... "

" အွန်း........ "

ခြံကျယ်ကြီးတွေ ဝန်းရံလျက်ရှိသည့် လူချမ်းသာတို့နေထိုင်ရာအရပ်က အင်မတန်ကျယ်သည့် ခြံကြီးရှေ့ ကားရပ်သွားသည်။

taehyungက ဘေးမှန်ကနေ လက်ထုတ်ပြီး removeအသေးတစ်ခုကို နှိပ်လိုက်တော့ ခြံတံခါးက သူ့အလိုလိုပွင့်လာသည်။ ဒီလိုစနစ်မျိုး တစ်ခါမှ မမြင်မ‌တွေ့ဖူးလေသော ကျွန်တော်မှာ တအံ့တဩနှင့်.......။

မြင်တွေ့နေကျလို မြက်ခင်းပြင်ကျယ်ကျယ်နှင့် အရောင်အသွေးစုံ ပန်းခြံကြီးရှိလိမ့်မည် ထင်ထားသော်လည်း ခပ်အုပ်အုပ်သစ်ပင်တို့သာ ကြီးစိုး၍နေသည်။

သစ်ခွမျိုးစိတ်အစုံ အသွင်အစုံ အရောင်အစုံသည် အပင်တို့ထက် တွယ်ကပ်ပေါက်ရောက်နေသည်။ သစ်ခွအပြင် အပင်ပေါ်တွယ်တက်ရှင်သန်သော ပန်းအမျိုးအစားအစုံကိုလည်း စိုက်ပျိုးထားသည်။ ပန်းပျိုးသူ၏ သူတစ်မူထူးသော ပန်းအကြိုက်တစ်မျိုးပေပေါ့......။

တစ်ခုတည်းသော လူသွားလမ်းသာသာကားလမ်းကို ကြောက်စရစ်ခဲလေးများနှင့် ပုံ‌ဖော်ထားသည်။ ထိုးကားလမ်းအဆုံးတွင်  ရှေးရိုးရာအိမ်ကြီးတည်ရှိသည်။ ခြံဝန်းထဲက‌နေ ငါးမိနစ်ခန့် မောင်းအပြီးမှ ရောက်သည်။ ရိုးရာအိမ်ကြီးထဲက ခေတ်မှီအသုံးအဆောင် အသွင်အပြင်တို့က ဒီနေ့အဖို့ ဒုတိယအကြိမ် အထင်နှင့်အမြင်လွဲမှားခြင်း......။ ရှေးကျမှုနှင့် ခေတ်မှီခြင်းတို့ကို တွဲဖက်ထား‌သော်လည်း ကြောင်တောင်တောင် မနိုင်ဘဲ အမြင်ဆန်းဆန်း ခံစားချက်ဆန်းဆန်းကို ရနေစေသည်။

ဧည့်ခန်းသန့်ရှင်းရေး လုပ်နေပုံရသော ကောင်မလေးတစ်‌ယောက်က ကျွန်တော်တို့ကိုမြင်တော့ အိမ်ထဲပြေးဝင်သွားသည်။  ခဏအကြာ ထိုကောင်မလေးနှင့်အတူ ကျက်သရေရှိခြင်း တင့်တယ်ခြင်း အဖြာဖြာတို့နှင့် ပြည့်စုံသော အမျိုးသမီးနှစ်ယောက်ထွက်လာသည်။ ထိုအမျိုးသမီးတို့ကို taehyungက ဝမ်းပန်းတသာပွေ့ဖက်ရင်း

" မားမား~~~~သားလာတယ်......"

မားမား.....? ဒါဆို....ဒါသူ့အိမ်‌....?ဈ

Our LoveWhere stories live. Discover now