part-19( final)

1.6K 100 4
                                    

Unicode

"  အား......အ.....မယ်လေး.....နာလိုက်.....တာ.....အမေ့.....ရေ.....နာ.....နာတယ်..... "

အရေးပေါ်တွန်းလှည်းပေါ်မှ ဗိုက်နာလွန်း၍ လူးလွန့်အော်ဟစ်နေသော အချစ်လက်ကို အားဖြစ်လို အားဖြစ်ညား တင်းတင်းဆုပ်ကိုင်ထားပေးမိသည်။

မွေးရက်မနီးခင် အရင်ခွဲမွေးဖို့လုပ်ထားသည်ကို စောစီးစွာ ရေမွှာပေါက်သွားသည်။ သားအိမ်လမ်းက မရှိသည့်အတွက် ကလေးခေါင်းတစ်ခါတိုးတိုင်း အသားစိုင်ကို မီးညှိသလို နာပေလိမ့်မည်။

အပ်ပေါက်ရာသေးသေးလေး ဓားရှရာသေးသေးလေး သူ့မှာဖြစ်ရင်ကို သေလုမတတ် ခံစားရသည်ကို အခုလို နာကျင်အော်ဟစ်နေတာ မြင်ရတော့ အသဲကို အစိမ်းလိုက်မွှန်းနေသလို မခံစားနိုင်ရှိလှသည်။  ကိုယ်သာအစားဖြစ်လို့ရရင် ဖြစ်‌ပေးလိုက်ချင်သည်။ ကလေးကို ကိုယ်လွယ်ခဲ့ရမှာကို အခုတော့ အချစ်ပင်ပန်းနေရပြီ။

မွေးခန်းရှေ့၌ kim taehyung ဂနာမငြိမ် ဟိုလျောက် ဒီလျောက် လျောက်၍နေသည်။ တစ်ခါတစ်ခါ ထိုင်ခုံ၌ ဝင်ထိုင်သည်။ သို့သော် ကြာကြာမထိုင်နိုင်ဘဲ မွေးခန်းကို မျှော်ကြည့် မျှော်ကြည့်လုပ်ရင်း ပြန်ထလျှောက်ပြန်သည်။

ရှိသမျှ နတ်ဘုရားများထံ jiminကို စောင့်ရှောက်ဖို့ တောင်းပန်နေသည်။ jimin သင်ပေးထားသည့် မွေးရလွယ် ဖွားရလွယ်စေ ဂါထာကို ပါးစပ်က မချတမ်း ရွတ်သည်။ jiminအသက်အန္တရယ်ကင်းဖို့ကိုလည်း တောင်းဆု အကြိမ်ကြိမ်ပြု၍နေသည်။

" ဆရာ.....ဆရာ.....ကျွန်တော့်ယောက်ျား အခြေအနေဘယ်လိုရှိလဲ "

မွေးခန်းထဲက ထွက်လာသည့် ဆရာဝန်နား အပြေးသွားကာ ပူပန်တကြီး မေးသည်။

" သူစိုးရိမ်စရာမရှိပါဘူး သားအမွှာလေးမွေးပြီး ကလေးရော လူကြီးပါ ကျန်းမာပါတယ် "

အချစ်နဲ့ကလေးတွေ အဆင်ပြေတယ်ဆိုတော့မှ သက်မချနိုင်တော့သည်။ သားလေးတွေတဲ့...အမွှာလေးတဲ့။ အချစ်ပေးတဲ့ ကျွန်တော့်ကိုယ်ပွားလေးဟာ တစ်ယောက်တောင်မကဘူး နှစ်ယောက်တဲ့။

အဖေဖြစ်ပြီဆိုတဲ့ ခံစားချက်၊ တစ်ပြိုင်တည်း ကလေးနှစ်ယောက်ကို ပိုင်ဆိုင်ရတဲ့ခံစားချက် ဘာနဲ့မှလဲမရဘူး။ တစ်လောကလုံးကို အပိုင်စားရရှိသွားသလို ခံစားရသည်။ ရင်ထဲပီတီတွေ ဖြာ၍နေသည်။ ကြည်နူးပီတိစိတ်နဲ့အတူ အချစ်ကို ကျေးဇူးတင်၍မဆုံး။
.......

Our LoveWhere stories live. Discover now