part-9

1.1K 122 8
                                    


Unicode

" jimin~~~~~ကိုယ်တို့သူငယ်ချင်းလိုဘဲပြန်နေကြရအောင် "

" ကိုယ့်ရည်းစားနဲ့ ဘာလို့ သူငယ်ချင်းလို ပြန်နေချင်ရတာလဲ‌ဆိုတာ ပြောပြပါအုံး...... ဘာတွေအဆန်းလုပ်နေပြန်ပြီလဲ ။"

" ကိုယ်တို့လမ်းခွဲကြရအောင် လမ်းခွဲပြီး သူငယ်ချင်းလိုဘဲ နေကြရအောင် "

စနှောက်စရာမဟုတ်သည့် အရာတစ်ခုမို့ ကျွန်တော်သူ့မျက်လုံးကို တည့်တည့်စိုက်ကြည့်လိုက်တော့ သူအကြည့်တို့ ရှောင်ဖယ်လွဲသွားသည်။ အကြည့်လွဲသွားသောသူရဲ့ အကြည့်တွေကို တစ်ချက်မလွှတ် စူးစိုက်ကြည့်ရင်း

" အကြောင်းပြချက်က? "

" ဒီတိုင်းသူငယ်ချင်းလိုနေတာ ကိုယ်တို့အတွက်ပိုကောင်းမယ်ထင်လို့ "

ကျွန်တော် ဘာစကားမှမဆိုနိုင် မကြားနိုင်တော့ဘဲ သူ့ရှေ့မှထွက်လာခဲ့သည်။လမ်းခွဲမ‌ပေးနိုင်ဘူး မထားခဲ့ပါနဲ့လို့ပြောရင်ကော ရမှာတဲ့လား။ သူမှမနေချင်တော့တာ သူမှကိုယ့်ဆီမှာ မပျော်တော့တာ ကိုယ်ကဘာတတ်နိုင်မှာတဲ့လဲ။ သူပြောဖူးတယ် သူ့ကိုထားမသွားပါနဲ့တဲ့....... အဲ့လိုပြော‌တဲ့သူကဘဲ ထားသွားတယ်တဲ့ အဟက်.......ရယ်ရတယ်နော်။

တစ်ခုဘဲမေးချင်မိသည် ချစ်လားလို့ မဟုတ်ဘူး ချစ်ခဲ့လားလို့။ သို့သော် မချစ်ခဲ့ဘူးလို့ဖြေခဲ့သည်ရှိသော်.........ကျွန်တော်ခံနိုင်စွမ်းမရှိလောက်ဘူး။ ပါးပေါ်ကြွေလွှင့်လာသော မျက်ရည်ဥများကို ကျွန်တော်မသုတ်ဖယ်မိ။

'ငါဘာလိုအပ်နေလို့လဲ၊ ငါဘာမှားနေလို့လဲ၊ ဘာလို့ငါ့ကိုမချစ်တာလဲ၊ ဘာလို့မချစ်ဘဲတွဲတာလဲ'ဆိုတဲ့ အတွေးတွေဘဲ ခေါင်းထဲအပြည့်‌ နေရာယူထားသည်။

သူမချစ်တာကိုမသိဘဲ အရူးတစ်ယောက်လို တွယ်ကပ်နေခဲ့မိတာလား။ ကိုယ်ချစ်တယ်လို့ပြောတိုင်း ငတုံးဆိုပြီး သူဟားတိုက်နေခဲ့မလား။ မိသားစု၊သူငယ်ချင်းအားလုံးကို စွန့်လွှတ်ပြီး သူ့ကိုရွေးချယ်ခဲ့တာကို သူက.....သူက......ဘာ.......သူငယ်ချင်းလိုဟုတ်လား? ဒီတိုင်းမချစ်တော့လို့ လမ်းခွဲကြရအောင်လို့သာ ပြောလိုက်စမ်းပါ။ မဟုတ်သေးဘူး သူအဲ့လိုပြောခဲ့ရင် ကျွန်တော်ရူးသွားမှာ မဟုတ်ဘူး သေမှာ။

Our LoveWhere stories live. Discover now