(Unicode)" jimin .........ဘယ်သွားမလို့လဲ "
အခန်းထဲကအထွက်မှာ အမေနဲ့ပက်ပင်းကို တိုးတော့တာဘဲ။ အမေမသိအောင် ခိုးထွက်မလို့ပါဆိုမှ မိဖြစ်အောင်ကို မိလိုက်သေးတယ်။ အဲ့ဒါ taehyungကြောင့် အမြဲလာရင် အမေ့ကိုဝင်နှုတ်ဆက်ပြီးမှလာလို့ အမေကသိသွားတာ ဟွန့်........။
" ဟို.......ဟို....... "
ဘယ်လိုဆင်ခြေပေးရမလဲဆိုတာ ဦးနှောက်ကို အမြန်အလုပ်ပေးလိုက်တော့
" taehyungအိမ်မှာ စာသွားလုပ်မလို့ ဟုတ်တယ်မလား taehyung..... "
"အမ်.......ဟုတ်.......ဟုတ်ကဲ့......."
taehyungက ကြောင်တောင်တောင်နဲ့ ခေါင်းငြိမ့်ပြသည်။ ဒါပေမဲ့ အမေက မယုံသလို မျက်မှောင်ကျုံ့ပြီး ကြည့်နေတာမို့ taehyungကို တတောင်နှင့်တို့ကာ အမေယုံအောင်ပြောလေလို့ မျက်စပစ်ပြလိုက်သည်။
" jiminကို ကျွန်တော် နားမလည်တဲ့ စာတွေ ရှင်းပြခိုင်းချင်လို့ အိမ်ခဏခေါ်သွားမယ်နော် အန်တီ...ရလား..."
taehyungကပြောတော့ နှစ်ခါမစဉ်းစားဘဲ ချက်ချင်းကို
" ရပါတယ်သားရယ် အထူးတလည် ပြောနေစရာမလိုပါဘူး "
အဲ့လိုဘဲ အမေတို့က taehyungကိုဆို အမြဲ သား,သားနဲ့ အရမ်းချစ်တာ။ အမေချစ်တာလဲ မပြောနဲ့ ဟိုကလဲ အမေ့ကိုဆို boxy smileလေး ပြုံးပြုံးပြပြီး တအားချွဲ။ သူတို့က တအားချစ်နေကြတော့ တစ်ခါတလေ ကိုယ်တို့ကသားအမိလား သူတို့ကသားအမိလားလို့တောင် တွေးမိတယ်။
" ဟုတ်.......အန်တီ.......အဲ့ဒါဆို ကျွန်တော်တို့ သွားလိုက်ပါအုံးမယ် "
" အမေ သားသွားပြီ"
" အေး......အေး......နှစ်ယောက်သား ကောင်းကောင်းသွားကြနော် "
_____________________________________
" taehyung ah~~~~~"
ခြံရှေ့ မလှမ်းမကမ်းရောက်တော့ ဖြူဖွေးလွန်းသော အသားအရည်နှင့်လူတစ်ယောက်သည် သွားသေးသေးလေးတွေပေါ်သည်အထိ ပြုံးရင်း taehyungဆီသို့ ပြေးလာသည်။ taehyungကလဲ ဝမ်းသာအားရ ပြေးဖက်သည်။ ဒါက ဘယ်လိုအခြေအနေကြီးလဲ?
YOU ARE READING
Our Love
Fanfiction(Unicode) ချစ်ခဲ့ဖူးလားလို့ မေးကြည့်ချင်ပေမဲ့ အဖြေကိုလက်ခံနိုင်စွမ်းမရှိတော့..... #jimin ******************************************** အချစ်ကို ကိုယ်ချစ်တယ်ဆိုတဲ့အကြောင်းကို နောက်ထပ်တွေ့ရင်ကိုယ် ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောပြမယ်နော်အချစ် ချစ်တယ်..... #taehy...