part-4

1.5K 156 16
                                    

(Unicode)

" taehyung~~~~"

စာဖတ်‌နေရာကနေ jiminခေါ်လို့ လှည့်ကြည့်တော့ တစ်ခုခုကို အလေးအနက်ပြောဖို့ စဉ်းစားတွေဝေနေသည့်ပုံ။ထို့ကြောင့် ကျွန်တော်က စကားခေါ်လိုက်သည်။

" jimin ah......တစ်ခုခု ပြောစရာရှိလို့လား "

"အွန်း...... ငါမင်းကို ပြောပြစရာရှိတယ်"

ပြတင်းပေါက်ကို ခပ်တွေတွေ ငေးကြည့်ရင်း jiminက

" taehyung မင်း အထက်တန်း ဒုတိယနှစ်က jeon jungkookကို သိလား "

" jeon jungkook သိတယ်လေ။ စာအရမ်းတော်လို့ နာမည်ကြီးတယ်လေ။ "

" အွန်း....... သူဒီနေ့မနက်က ငါ့ကို ဖွင့်ပြောလာတယ်။ သူငါ့ကို ကြိုက်နေတာ ကြာပြီတဲ့။ သူ့ကိုစဉ်းစားပေးပါတဲ့ "

jungkookက စာတော်တဲ့အပြင် ရုပ်လဲချောသည်။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လဲဖြစ်သည်။ ထိုသို့သော လူမျိုးကို အချစ်က ငြင်းမည်တဲ့လား။ တကယ်လို့ သူတို့တွေ တွဲဖြစ်သွားရင်။ အတွေးနဲ့တင် ကျွန်‌တော့ကို ‌ခြောက်ခြားစေပါသည်။

မဟုတ်ဘူး အချစ်က ငြင်းမှာပါ၊ သေချာပေါက်ငြင်းမှာပါ။ ဟုတ်တယ်မလား အချစ် ငြင်းခဲ့တယ်မလား ။ ကျွန်တော် မျှော်လင့်ချက်ကြီးစွာနှင့်

" ငြင်းခဲ့တယ်မလား။ မင်းသူ့ကို ငြင်းခဲ့တယ်မလား။ ဟုတ်တယ်မလား "

" သူပြောတာ နားထောင်ပြီး ငါဒီတိုင်းဘဲ ထွက်လာခဲ့လိုက်တာ။ ဘာမှ မပြောခဲ့ဘူး။ "

" အဲ့တော့ မင်းသူ့ကို ကြိုက်တာလား မကြိုက်တာလား။ "

ကျွန်တော် စိုးရိမ်တကြီး မေးလိုက်တော့ အချစ်က ကျွန်တော့်ကို စိုက်ကြည့်လာသည်။

" သူ့ကို ငါက အခုမှ သေချာမြင်ဖူးတာကို ကြိုက်စရာလား။ ဒါပေမဲ့ ငါသူ့ကို သဘော‌ကျမိတာတော့ အမှန်ဘဲ။"

" အဲ့ဒါဆို မင်းကသူ့ကို တွဲမှာလား။ "

" ငါပြောတဲ့ သဘောကျမိတယ်ဆိုတာက ဖွင့်ပြောရဲတဲ့ သတ္တိကို ပြောတာ "

အချစ်က သူ့ကိုသဘောကျတယ်ဆိုလို့ လန့်သွားမိ‌‌ပေမဲ့ ဖွင့်ပြောရဲတဲ့သတ္တိကိုတိုတော့ တော်သေးတာပေါ့။

Our LoveWhere stories live. Discover now