Part-3

1.9K 183 1
                                    

(Unicode)

" Jimin ထမင်းအတူသွားစားရအောင် "

" Jimin ကျောင်းဆင်းရင် အတူပြန်ရအောင် "

" Jimin စာအုပ်ဆိုင်သွားရအောင်"

" Jimin ပိတ်ရက်မှာ ရုပ်ရှင်သွားကြည့်ရအောင် "

" Jimin မနက်ကျမင်းအိမ်မှာ လာကြိုမယ်နော် "

" Jimin..............."

" Jimin..............."

" Jimin..............."

Kim taehyungသည် ကျွန်တော့်ကို jiminချင်း ထပ်အောင်ခေါ်၍ ကျွန်တော့်အနားမှာ ကော်လို ကပ်နေတတ်သည်။ မနက်ခင်းမှစလို့ ညအိပ်ချိန်အထိ ကျွန်တော့်နား သူတစ်နည်းမဟုတ် တစ်နည်းဖြင့် ရှိနေတတ်သည်။ လူကိုယ်တိုင်မရှိလျှင် messageပို့သည်။ messageမပို့လျှင် ဖုန်းခေါ်သည်။ ဖုန်းမကိုင်လျှင် အိမ်ထိလိုက်လာတတ်သေးသည်။

"အန်တီ jiminရှိလားဗျ "

" ရှိတယ်သား ရှိတယ်။ သူ့အခန်းထဲမှာ တက်သွားလိုက်သား "

ပြောရင်းဆိုရင်း ရောက်လာပြန်ပါပြီ။ အမေတို့ဆိုရင် သူ့ကို မျက်မှန်းတန်းမိနေပြီ။

" Jimin~~~~ "

အခန်းတံခါးကို ခေါက်ရင်း ခေါ်လာတာမို့

"လော့မချထားဘူး ဝင်လာခဲ့ "

ကျွန်တော်ထိုင်နေသော ကုတင်အစွန်းကို တက်ထိုင်ရင်း

"Jimin~~~~~ "

"အွန်း......ပြော"

" ကိုယ်ဖုန်းခေါ်‌နေတာကို ဘာလို့ မကိုင်တာလဲ "

ဖုန်းကို မသိမသာ ဖွင့်ကြည့်လိုက်တော့ သူခေါ်ထားသည့် miss callပေါင်းများစွာ။ သို့သော် မသိချင်ယောင်ပြုရင်း

" မင်းအားတိုင်း ဖုန်းခေါ်နေတာကို ငါက ကိုင်စရာလား။ ငါမင်းလိုအားမနေဘူး "

" ဪ "

ကျွန်တော်က စလိုက်တာဆိုပေမဲ့ သူက အတော် ခံစားသွားရပုံနှင့် ခေါင်းငုံ့သွားကာ လက်ချင်းယှက်သွယ်၍ လက်မချင်း ပွတ်ကာနေသည်။

"ငါကဒီအတိုင်း ပြောလိုက်တာကို မင်းက ဘာလို့ အဲ့လောက် ဖြစ်နေရတာလဲ "

ကျွန်တော် အဲ့လိုပြောလိုက်တော့ သူက အရည်လဲ့နေသော မျက်ဝန်းများဖြင့် မေ့ာကြည့်လာကာ

Our LoveWhere stories live. Discover now