Part-6

1.3K 150 6
                                    

(Unicode)

" အား........စာမလုပ်ချင်တော့ဘူး ဒီစာတွေကြီးဘဲ ကျက်နေရတာ မကျက်ချင်တော့ဘူး စားမေးပွဲကလဲ မ‌ဖြေနိုင်သေးဘူး မြန်မြန်ဖြေပြီး မြန်မြန်ပြီးချင်လှပြီကို "

မကြာခင် အထက်တန်း နောက်ဆုံးနှစ် စာမေးပွဲစတော့မှာမို့ ကျွန်တော်စာကျက်နေရသည်။ တစ်နှစ်ပတ်လုံး ကျက်လာရသည့် ဒီစာတွေကို ထပ်ခါထပ်ခါ ပြန်နွေး၍နေရသည်မို့ ကြာတော့ ဒီစာတွေကို မြင်တောင်မမြင်ချင်တော့ဘူး။

" taehyung ဘာလုပ်နေလဲမသိဘူး သူ့ဆီ ဖုန်းဆက်ပြီး မုန့်သွားစားဖို့ မေးကြည့်ရမယ် "

"တီ.......တီ......... "

" Hello........."

taehyungက ကျွန်တော်ဖုန်းခေါ်ရင် အမြဲအဲ့လိုဘဲ ဝင်ဝင်ချင်း တန်းကိုင်တတ်သည်။ အဲ့ဒါက ကျွန်တော်သဘောကျရတဲ့ သူ့ရဲ့ချစ်စရာကောင်းတဲ့ အကျင့်‌လေးတစ်ခုလေ။

" taehyung ah~~~~~ "

" အွန်း..... jimin ဘာဖြစ်လို့လဲ "

" taehyung ah.........စာလုပ်နေတာလား "

" အွန်း......ဘာဖြစ်လို့လဲ "

" စာလုပ်ရတာ မပျင်းဘူးလား "

" ပျင်းတယ်ရယ်လဲ မဟုတ်သလို မပျင်းဘူးရယ်လဲ မဟုတ်ဘူး "

" ငါ‌လေ.......အဟင့်...... အဟင့်..... ဒီစာ‌တွေမလုပ်ချင်တော့ဘူး အဟင့် "

လုပ်ငိုသံကြီးနဲ့ ပြောနေသော အချစ်လေးက ဘာတွေဂျီကျချင်ပြန်ပြီလဲ မသိဘူး။

" ဒီစာတွေဘဲ ထပ်ခါထပ်ခါကျက် ထပ်ခါထပ်ခါတွက်နေရတာ ကြာတော့ မလုပ်ချင်တော့ဘူး ပျင်းလာပြီ "

စာမလုပ်ချင်လို့ ဂျီကျနေသော အချစ်လေးပါဘဲ။

" အဲ့တော့ စာမလုပ်တော့ဘူး‌လား"

" ငါ့သဘောကတော့ မလုပ်ချင်တော့ဘူးပေါ့။ ဒါပေမဲ့ စာမလုပ်ရင် အမေကရိုက်မှာ မလုပ်လို့မရဘူး လုပ်ရမှာ။ အဟင့် အမေက သူစာမလုပ်ရတိုင်း သူများကို စာဘဲလုပ်ခိုင်းနေတာ "

အန်တီက သူ့ကိုစာဘဲလုပ်ခိုင်း‌နေလို့ဆိုပြီး တိုင်တောနေတာတဲ့အချစ်ကို

" jiminက စာရပြီးသားမို့ စာအရမ်းမလုပ်ခိုင်းဖို့ ကိုယ်က အန်တီ့ကို ပြောပေးရမလား "

Our LoveWhere stories live. Discover now