part-10

1.2K 109 2
                                    

Unicode

" Jimin~~~~jimin ah~~~~~"

" အင်း........"

ဂိမ်းအဆော့မပြတ်ဘဲ jiminကထူးသည်။

ချစ်သူဖြစ်တာ တစ်လကျော်ပေမဲ့ တစ်ခါမှမဒိတ်ရသေးသည်မို့ jiminကို ဒိတ်လုပ်ဖို့ မေးကြည့်ရ ကောင်းနိုးနိုးဖြစ်နေသည်။ ဒါကိုသိပုံရသော jiminက ဂိမ်းကိုမဆော့ဘဲချကာ

" ပြောချင်တာရှိတယ်မလား။ ဘာပြောမလို့လဲ "

" အဲ့ဒါ......"

" စိတ်မရှည်တော့ဘူးကွာ ပြောမှာကိုမပြောဘူး "

သူများချစ်သူတွေလို နှုတ်ခမ်းလေးထော်ပြီး ချွဲနွဲ့နေတာမျိုး မဟုတ်ဘဲ မျက်မောင်ကျုံ့ကာ ကြည့်နေပေမဲ့ ထိုပုံစံလေးကိုက ကျွန်တော်အတွက် ချစ်ဖို့‌ကောင်းနေသည်။

" jimin........ကိုယ်တို့စာမေးလဲပြီးပြီ‌ဆိုတော့မနက်ဖန် ဒိတ်ကြမလားလို့လေ "

" ဟမ်.......‌ဒိတ်.......ခါတိုင်းလဲဒိတ်နေကြဘဲလေ "

မျက်လုံးလေး ကလယ်ကလယ်ဖြင့် နားမလည်သလို‌လေး မေးနေသည်က သိပ်ကိုအသည်းယားဖို့ ကောင်းတာဘဲ။ ဒီချစ်မဝလေးနဲ့တော့ ခက်ပြီ တစ်နေ့တစ်နေ့အချစ်တွေ ပိုပိုတိုးလာ‌အောင် အမျိုးမျိုး ပြုစား‌နေတော့တာဘဲ။ ပြည့်ပြည့်ဖောင်းဖောင်း လက်‌သေးသေးလေးကို တယုတယဆုပ်ကိုင်လိုက်ပြီး

" ကိုယ်ပြောချင်တာက friends date မဟုတ်ဘူး couples date"

ဆုပ်ကိုင်ထားသော ကျွန်တော့်လက်ကို တစ်ချက်နမ်းကာ ပြောပြလေဘာကွာလဲဆို‌တာ ပုံဖြင့်ကြည့်ကာ

" ဘာကွာလို့လဲဟင်.........."

အချစ်က တစ်ခါတလေ ဒီလိုချစ်စရာကောင်းအောင်လဲလုပ်တတ်‌သေးသည်။ဘာမှမလုပ်ဘဲ ဒီတိုင်း‌လေးနေတာတောင် ဒီကရူးမတတ်ချစ်‌ပြီးသားပါဆိုကွာ..........

" ဘာကွာလဲကတော့ ဒိတ်ကြည့်မှသိမှာပေါ့ မဟုတ်ဘူးလား "

နှာဖူးလေးမှာ လက်ညှိုးထောက်ကာ စဉ်းစားသလို တစ်ချက်လုပ်ပြီးမှ

" Ok.....မနက်ဖန်ကျ ၉နာရီလာခေါ်လာ"

" okay ..... "

" အရမ်းကြီး လန်းနေအောင် ဝတ်ခဲ့နဲ့နော် စုတ်ပြတ်နေအောင်ဝတ်ခဲ့ "

Our LoveWhere stories live. Discover now